မဖြစ်မနေ


ပြင်သစ်နိုင်ငံ မြို.တော် ပဲရစ် တွင်ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်ပင်။ခဒီဂျဟ်အမည်ရှိသော မော်ရိုကို အမျိုးသမီး တစ်ဦးသည် ပဲရစ်မြို့၏ ဆင်ခြေဖုံး ရပ်ကွက်တစ်ခုတွင် နေထိုင်လေသည်။တစ်ရက်တွင် သူမသည်
အလုပ်သို့ ကသုတ်ကရုတ် ထွက်လာလေရာ အိမ်နီးချင်း အိမ်တစ်အိမ်မှ ငြီးငြူသံကိုကြားရသဖြင့်
အသံထွက်ပေါ်ရာသို့ လိုက်ရှာမိလေသည်။ထိုအခါခြေထောက်ကျိုးသွားသဖြင့် ငြီးငြူနေသော အဖွါးအို
တစ်ဦးကိုတွေ့လေသည်။နံဘေးမှဖြတ်သန်းသွားနေသော ဆယ်ယောက်ထက် မနည်းသော ပြင်သစ်လူမျိုး တို့သည် အဖွါးအို ဘက်သို့
တစ်ချက်မျှငဲ့ ကြည့်ကြကာ နာရီကိုကြည့်ပြီး ဆက်လက်ထွက်ခွါကြလေသည်။ခဒီဂျဟ် သည်
အဖွါးအို ကို ဖေးမကာ ဆေးရုံသို့ပို့ဆောင်ပေးပြီး အိမ်သို့ပြန်ခေါ်လာပေးလေသည်။
အဖွါးအို သည်သူမ၏ ဂရုတစိုက်ကူညီပေးမှုအပေါ် ကျေးဇူ့တင်စကားပြောလေသည်။ထိုအခါ
ခဒီဂျဟ်က အစ္စလာမ်တရားတော်ရှိမွတ်စလင်တိုင်း မဖြစ်မနေလိုက်နာရမည့် အိမ်နီးချင်း
ကျင့်ဝတ် များကိုပြောဆို ရှင်းပြလိုက်လေရာ၊အဖွားအိုသည် အစ္စလာမ် ၏ အနှစ်သာရကို
နှလုံးသားထဲ မှ လက်ခံသဘောပေါက်လာပြီး ငြိမ်းချမ်းသော အစ္စလာမ်အေးရိပ်သို့ ကူးပြောင်းလေသည်။
وشكا بعض السلف كثرة الفأر في داره، فقيل له:، لو اقتنيت هرا؟ فقال: أخشى أن يسمع الفأر صوت الهر فيهرب إلى دور الجيران فأكون أنا أحببت لهم ما لا أحب لنفسي
နေအိမ်၌ကြွက်သောင်းကျန်းလွန်းသဖြင့် စိတ်မချမ်းမသာဖြစ်နေသူတစ်ဦးကို လူတစ်ဦးမှ အိမ်တွင်ကြောင်
မွေးရန်အကြံပြုလေသည်။ထိုအခါ ထိုသူက (ကျွန်ုပ်နေအိမ်၌ ကြောင်မွေးလိုက်ပါက ကြွက်တို့သည် ကြောင်၏
အသံကိုကြားပြီး အိမ်နီးချင်းအိမ်သို့ကူးပြောင်းသွားမည်ကို ကျွန်ုပ်စိုးရိမ်မိလေသည်။ကျွန်ုပ်၏ အိမ်နီးချင်းများ ကို စိတ်မချမ်းမသာ ဖြစ်စေမည်ထက် ကျွန်ုပ်ကိုယ်တိုင်ပဲစိတ်မချမ်းမသာ ဖြစ်ရသည်ကို ပိုမြတ်နိုးသည်။)
قال الرسول عليه الصلاة والسلام لأبي ذر رضي الله عنه : " يا أبا ذر إذا طبخت مرقة فأكثر ماءها وتعاهد جيرانك ". (رواه مسلم
မြတ်တမန်ဤသို့မိန့်ခဲ့သည်(အို အဘူဇရ် အသင်သည် အရည်သောက် ဟင်း ပင်ချက်ခဲ့ပါက ရေကိုများများထည့်ပါ။
အိမ်နီးချင်းများကို မျှဝေပါ)
فقال: إن رسول الله لم يزل يوصينا بالجار حتى خشينا أنه سيورثه". رواه أبو داود والترمذي
မြတ်တမန်၏သြ၀ါဒ(ကျွန်ုပ် တို့အပေါ် အိမ်နီးချင်း ၀တ္တရာများကို ကျေပွန်ကြရန် အထပ်ထပ်အခါခါ တမန်တော် မှာတမ်းလေရာ ၊ကျွန်ုပ်တို့၏ ပိုင်ဆိုင်မှု ပါ အိမ်နီးချင်းများကို လွှဲပြောင်းပေးလိုက်ရမည်ကို စိုးရိမ်မိသည် အထိပင်။))
وعن أبي هريرة رضي الله عنه، أن رسول الله قال: "من كان يؤمن بالله واليوم الآخر فلا يؤذِ جاره.." متفق عليه(1).
မြတ်တမန်ဤသို့ မိန့်ခဲ့သည်(အကြင်သူ သည် အမှန်တကယ် အလ္လာဟ်အရှင်မြတ်ကို ယုံကြည်ကိုးကွယ်သူဖြစ်သော်၊
အာခေရသ်နေ့ ကိုလက်ခံယုံကြည်သူဖြစ်သော် မိမိ၏ အိမ်နီးချင်းများကို ဒုက္ခဖြစ်စေအောင် မပြုရပေ။)
ولا يرفع البناء فوق بنائه، فيسد عليه الريح إلا بإذنه

((မွတ်စလင်သည် အိမ်နီးချင်းအခက်အခဲများကို အဖက်ဖက်မှ ကူညီစောင့်ရှောက်ပေးသူပင်ဖြစ်ရမည်။
အိမ်နီးချင်း ခွင့်မပြုပဲ မိမိပိုက်ဆံဖြင့်ပင် မြင့်မားသော အဆောက်အဦးကို ဆောက်ပြီး လေ၀င်လေထွက် မပိတ်မိပါစေနှင့်))


အရေးတယူ


အမေရိကန်တို့ ဗီယက်နမ် အပေါ်စစ်ပွဲဆင်နွဲနေသော ကာလပင်ဖြစ်သည်။ထိုအချိန်တွင် ကယ်လီဖိုးနီယားပြည်နယ် ရှိ နေအိမ်တစ်ခုသို့ ဖုန်းဝင်လာ လေသည်။ထိုအိမ်တွင် အသက်အရွယ်
ကြီးရင့်နေပြီး ဖြစ် သော ဇနီးမောင်နှံနှစ်ဦးရှိလေ သည်။သူတို့၏ တစ်ဦးတည်းသော သားတော်မောင်
သည် အမေရိကန်စစ်သည်တော်အဖြစ်နှင့် ဗီယက်နမ်တွင် စစ်ဆင်နွဲနေပေသည်။ဖုန်းဝင်လာသောအခါ
ဇနီးမောင်နှံ နှစ်ဦး စိတ်ပူပန်စွာဖြင့် အလုအယက်ဖုန်းဆီသို့ပြေးလာကြသည်။ဖခင်ဖြစ်သူက ဖုန်းကောက်ကိုင်ကာ (ဟယ်လို အခုပြောနေတာ ဘယ်သူပါလဲ?) တဖက်သူက(အဖေ လား ?သား ကလာရ်က်ပါ။အဖေနေကောင်းရဲ့လား?) အမေဖြစ်သူကလည်း(သားနေကောင်းလား?)၀င်မေးလေသည်။
သားဖြစ်သူက(နေကောင်းပါတယ်။)အဖေဖြစ်သူက(သားဘယ်တော့ပြန်လာမှာလဲ?အဖေနဲ့မင်းအမေ သားကို
သတိရနေကြတာ။)သားဖြစ်သူက(အခုတော့ပြန်လာဖြစ်မယ်မထင်သေးဘူး အဖေ။သားသူငယ်ချင်းတစ်ယောက်က တိုက်ပွဲမှာ လက်နှစ်ဖက်နဲ့ ညာခြေထောက်ပြတ်သွားတယ် အဖေ။သားသူ့ကို အိမ်ခေါ်လာလို့ရမလား အဖေ?)အဖေဖြစ်သူက(ဘာလဲ?သားနဲ့အတူ သူ့ကိုခေါ်လာမယ် ဟုတ်လား?)သားဖြစ်သူက (ဟုတ်တယ် အဖေ။သားသူ့ကို ဒီမှာမထားခဲ့ရက်လို့ပါ။သူကလည်း ဒီပုံစံကြီးနဲ့သူ့အိမ်ကို မပြန်ချင်ဘူး။သူ့အိမ်ကလူတွေနဲ့လည်းမျက်နှာချင်း မဆိုင်ရဲဘူး။သူ့အိမ်က လူတွေက သူ့ကို
လိုလိုလားလားနဲ့ကြိုဆိုမလား?ဒါမှမဟုတ် မိသားစုအတွက် အသုံးမ၀င်တော့တဲ့ သူအဖြစ်နဲ့သတ်မှတ်မလား ဆိုတာ သူတွေဝေနေတယ်အဖေ။ဒါကြောင့် သားသူ့ကို အိမ်ခေါ်လာချင်တာပါ။)ထိုအခါ အဖေက(သား ကိုယ်နဲ့မဆိုင်တာ မလုပ်ပါနဲ့ ။သူ့ကိစ္စက ကိုယ့်ကိစ္စမှ မဟုတ်တာ။အလကားအပိုတွေလျှောက်လုပ်မနေနဲ့။ဆေးရုံက သူ့အလုပ်သူလုပ်လိမ့်မယ်။တကယ်လို့ သားသူ့ကို ခေါ်ခဲ့တယ်ပဲထားပါအုံး။ဒီမှာ သူ့ကို ဘယ်သူပြုစုမလဲ?မဖြစ်နိုင်လိုက်တာ။သားပဲ ပြောတယ်မဟုတ်လား။သူ့လက်နှစ်ဖက်နဲ့ ညာခြေထောက်ပြတ်နေတယ်ဆိုပြီ။ဒီရောက်လာရင် ပြသနာ က
အဖေတို့ခေါင်းပေါ် ရောက်လာမှာပေါ့။သူနဲ့အတူ နေဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူး။သား အဖေပြောတာ
ကြားတယ်နော်။ ဘာလို့ ပြန်မဖြေတာလဲ?)သားဖြစ်သူက(ဟုတ်ကဲ့ ကြားပါတယ် အဖေ။ဒါအဖေ့ ရဲ့နောက်ဆုံး
ဆုံးဖြတ်ချက်ပဲလား အဖေ?)အဖေက(အေး ဟုတ်တယ်သား။သူတို့အိမ်ကိုဖုန်းဆက်ပေးပြီး သူတို့ကိစ္စ သူတို့ကို
လွှဲလိုက်။)ထိုအခါသားဖြစ်သူက(သူတို့အိမ်က ဒီလိုပုံစံကြီးနဲ့ သူ့ကိုလက်ခံနိုင်မယ်လို့ ထင်လား အဖေ?)အဖေက( အဖေတော့မထင်ဘူး။ဒီလို ၀န်ထုပ်ဝန်ပိုးနဲ့ ဒုက္ခဖြစ်စေမယ့် ဟာမျိုး ဘယ်သူမှ လက်ခံချင်မှာ
မဟုတ်ဘူးသား။)သားဖြစ်သူက (သား သွားတော့မယ် အဖေ။နူတ်ဆက်ခဲ့ပါတယ်။)
နှစ်ရက်ခန့်ကြာသော် အမေရိကန်ရေတပ်မှ စစ်သည်တော် ကလာရ်က် ၏အလောင်းကို ရေထဲမှ ဆယ်ယူရရှိလေသည်။တပ်မတော်ဆေးရုံ မှ ထွက်ပြေးပြီး တံတားပေါ်မှ ခုန်ချကာ ကိုယ့်ကိုယ်ကို အဆုံးစီရင်လိုက်ခြင်းပင်ဖြစ်သည်။ဖခင်ဖြစ်သူ သည် အလောင်းလက်ခံရန်ရောက်ရှိလာလေတော့
လက်နှစ်ဖက်နှင့် ညာခြေပြတ်နေသော သားဖြစ်သူ ကိုမြင်ပြီး နောင်တကြီးစွာဖြင့် ယူကျူံးမရ ဖြစ်ရလေသည်။

ربما من السهل علينا أن نحب مجموعة من حولنا دون غيرهم لأنهم ظرفاء أو لأن شكلهم جميل، ولكننا لا نستطيع أن نحب أبدا "غير الكاملين" سواء أكان عدم الكمال في الشكل أو في الطبع أو في التصرفات.
(မိမိ တို့ ကျင်လည်ရာ ရပ်ဝန်းရှိ ဂုဏ်သိက္ခာ မြင့်မားသော ကြီးကျယ်ခမ်းနာသော ပြည့်စုံသဏ္ဍာန်ရှိသူတို့အပေါ် လွယ်လင့်တကူ တန်ဖိုးထားကာ တရေးတယူဖြင့် သိမ်မွေ့နိုင်ကြသော်လည်း ၊ ပြည့်စုံမှုမရှိသူတို့အပေါ်
တန်းဖိုးထားကာ အရေးတယူ မရှိတတ်ခြင်းသည် ကျွန်ုပ်တို့၏ နစ်နာဆုံးရူံးမှုပင်။)
عن عبد اللَّه بن مسعود قال: قال رسول اللَّه صلى اللَّه عليه وسلم " والذي نفسي بيده لا يسلم عبد حتى يسلم الناس من قلبه ولسانه ويده
မြတ်တမန် ဤသို့မိန့်ခဲ့သည် ((ကျွန်ုပ်အား စိုးပိုင်တော်မူသော် အရှင်၏ ကစမ်၊ အကြင်သူ သည် လူခပ်သိမ်းတို့အား
မိမိ၏ စိတ် နှလုံးဖြင့်သော်လည်းကောင်း နူတ်လျှာဖြင့်သော်လည်းကောင်း၊
လက်ဖြင့်သော်လည်းကောင်း ငြိမ်းချမ်းစေအောင် လုပ်ဆောင်သူမဟုတ်မူ၊
စစ်မှန်သော မွတ်စလင်မ် မဖြစ်နိုင်ပေ။))

ပန်းတိုင်


ဆရာ သည် ပုံးတစ်လုံးကို စားပွဲခုံ၌ ချထားလေသည်။ထို့နောက် ကျောက်တုံးခပ်ကြီးကြီးများကို တစ်တုံးပြီး
တစ်တုံးဖြည့်ထည့်လေသည်။ပုံးပြည့်သည်နှင့် တပြိုင်နက် တက္ကသိုလ် ကျောင်းသူ ကျောင်းသာ များဖက်လှည့်
ကာ မေးလေသည်။(တပည့်တို့ ဒီပုံးပြည့်သွားပြီးလား?)ကျောင်းသားများက (ဟုတ်ကဲ့ ပြည့်ပါပြီးဟု)ဖြေဆိုလေ
သည်။ထိုအခါ ဆရာက (တပည်တို့ သေချာရဲ့လား?)ဟုဆိုကာ ပုံးထဲသို့ ကျောက်စရစ်ခဲများ ကို ပြည့်သည်
အထိ လောင်းထည့်လိုက်သည်။ထို့နောက် (တပည့်တို့ ပုံးပြည့်ပြီးလား?)ဟုမေးပြန်သည်။ကျောင်းသားတစ်ဦးက
(မပြည့်လောက်သေးဘူး )ဟုဖြေလေသည်။ဆရာလည်း အဖြေကိုသဘောကျကာ ပုံးထဲသို့ သဲများကို ပြည့်သည် အထိ လောင်းထည့်လိုက်သည်။
တဖန် ပုံးပြည့်ပြီးလားဟု မေးကာ ပုံးထဲသို့ ရေ ကို ပြည့်သည်အထိလောင်းထည့်လေသည်။
ထို့နောက် ဆရာက (တပည့်တို့ ဘာသင်ခန်းစာ ရပြီး ဘယ်လိုသဘောပေါက်ထား ကြသလဲ?)
ထိုအခါ ကျောင်းသားတစ်ဦးက(မည်သို့ပင် အလုပ်များနေသူဖြစ်လင့်ကစား အပင်းပန်ခံ ကြိုးစားခြင်းဖြင့်
ကိစ္စဟူသရွေ့ ကို တစ်ခုပြီး တစ်ခု ပြီးစီးအောင်လုပ်နိုင်သည်)ဟုဖြေလေသည်။ထိုအခါ ဆရာက (တပည့်
ဖြေတာမှန်ပါတယ်။ဒါပေမယ့် အဓိက ပန်းတိုင်မဟုတ်သေးဘူး)။
တပည့်တို့ (အကယ်၍ ဒီပုံးထဲသို့ ကျောက်တုံးအကြီး ကိုအရင်မထည့်ခဲ့ပါက ဘယ်တော့အခါမှ
ထည့်ခွင့်ရနိုင်တော့မည်မဟုတ်ပါ။ကျောက်တုံးအကြီး ၏ ဥပမာ မှာ တပည့်တို့ အသက်ရှင်သန်နေရသည့်
ဘ၀၏ ပန်းတိုင်ပင်ဖြစ်သည်။)
معظم الناس يعيشون في الانتظار..ثم الانتظارفي انتظار شيء ما.. شيء سيجعلهم أغنياء أو مشاهير أو –ببساطة- أكثر سعادةمعظم الناس يعيشون في ما هذا الشيء؟
لا أحد يعلم

(မြောက်မြားစွာသော လူတို့သည် မိမိတို့၏ ဘ၀ကို တိုးတက်တောက်ပြောင်စေမည့် မဟာ့မဟာ ဖြစ်စေမည့် ဘာမှန်းမသိသည့် ပန်းတိုင်ကို စောင့်မျှော်ရင်း စောင့်မျှော်ရင်း ဖြင့် အသက်ရှင်နေထိုင်နေလျှက်ရှိကြသည်။ ဘာလဲဟု ဆိုသော် ဘာမှန်းပင်
ဘယ်သူမှ မသိကြပေ။)

تعرف أن هناك الملايين، بل المليارات من الناس.. يموتون دون أن تتحقق أهدافهم؟
((သန်းပေါင်းများစွာသော လူတို့သည် ဘ၀ပန်းတိုင်ကို အကောင်အထည် မဖေါ်နိုင်ကြပဲ သေဆုံးသွားကြသည်ကို
အသင် သံဝေဂယူပါလော))




أَفَحَسِبْتُمْ أَنَّمَا خَلَقْنَاكُمْ عَبَثًا وَأَنَّكُمْ إِلَيْنَا لا تُرْجَعُونَ( 155) سورة المؤمنون
ကျမ်းတော်မြတ်ကုရ်အာန်((အသင်တို့သည် မိမိတို့အား ငါအရှင်မြတ်က အချည်းနှီး အကျိုးမဲ့သာဖန်ဆင်းတော်မူ
ခဲ့သည်ဟူ၍ လည်းကောင်း၊အသင်တို့သည် ငါအရှင်မြတ်ထံတော်သို့ ပြန်လည်ရောက်ရှိ
ကြရမည် မဟုတ်ဟူ၍ လည်းကောင်း ထင်မှတ်ခဲ့ကြလေသလော))


ابدأ الآن.. انهض وحقق هدفك
((အသက်ရှင်သန်ရသည့် ပန်းတိုင်အစစ် ကို ယခုမှစ၍ အသင် အကောင်အထည်ဖေါ်သင့်ပါပြီး။))


(((သေပြီးနောက် ကြုံတွေ့ရမည့် နောင်တမလွန်ပန်းတိုင် အတွက် အသင်အချိန်မလင့်ပါစေနှင့်)))

၉၉ပြား


တိုင်းပြည်တစ်ပြည်တွင် ဘုရင်တစ်ပါးရှိလေသည်။သုံးမကုန်နိုင်လောက်အောင် ပစ္စည်းဥစ္စာ ပေါကြွယ်ဝသော်လည်း ဘုရင်ကြီး သည် ရောင့်ရဲတင်းတိမ်မှု မရှိသဖြင့် ပျော်ရွှင်မှုဆိတ်သုန်းလျှက်ရှိလေသည်။ နံနက်ခင်းတစ်ခု တွင် သာယာငြိမ့်ငြောင်းသောတေးဆိုသံ ကိုကြားမိသဖြင့် ဘုရင်ကြီးသည် အိပ်ယာမှနိုးသွားလေသည်ည်။ ထို့နောက် အေးချမ်းကြည်လင်သော တေးသံထွက်ပေါ်ရာ နေရာ ကိုလိုက်ရှာမိလေသည်။ထိုအခါ ပန်းဥယျာဉ်ထဲတွင် အခိုင်းအစေ တစ်ဦး ၏ အပူအပင် ကင်းကင်း အေးချမ်းခြင်း ဖြင့် သီးချင်းလေး ဆိုကာ အလုပ်လုပ်နေသည်ကိုတွေ့ရသဖြင့် လွန်စွာအံ့သြမိလေသည်။ထို့ကြောင့် အခိုင်းအစေ ကို ခေါ်ကာ မေးလေသည်။
(အသင် သည် အခိုင်းအစေ ဖြစ်ပါလျှက် အကြောင့်အကြ မရှိဘဲ စိတ်လက်အေးချမ်းကာ အဘယ်ကြောင့် ပျော်ရွှင်နေရပါသနည်း?)ထိုအခါ အခိုင်းအစေ က (ကျွန်တော်မျိုးရရှိသော လုပ်အားခသည် မိသားစု စားသောက်ရန် လုံလောက်သော ပမာဏပင်ဖြစ်သည်။မိသားစု ဖြင့် တစ်မိုးအောက်တည်း တွင် အေးချမ်းစွာ နေထိုင်စားသောက်ရသည်။
မိသားစု ပျော်ရွှင်သဖြင့် ကျွန်တော်သည်လည်းပျော်ရွှင်ရပေသည်။ဘာပူပင်စရာမျှမရှိပေ။)
ဘုရင်ကြီးသည် အတွက်မူ အထူးအဆန်း သကဲ့သို့ဖြစ်နေလေသည်။အခိုင်းအစေ ဖြစ်ပါလျှက်
လောက်ငှရုံမျှဖြင့် ဘ၀ကိုအေးချမ်း ပျော်ရွှင်စွာဖြတ်သန်းနေသည်ကို ကြားရပြီး အံသြမိလေသည်။
ထို့နောက် ဘုရင်ကြီးသည် အမတ်ကြီးကိုဆင့်ခေါ်ပြီး အခိုင်းအစေ ၏အဖြစ်အပျက်ကို စုံလင်စွာ
ပြောပြပါတော့သည်။ထိုအခါ အမတ်ကြီးလည်း ဂရုတစိုက်ဖြင့် နားထောင်ပြီး ဘုရင်ကြီး ကိုတစ်ခု
အကြံပြုလေသည်။
ညအခါ အိတ်တစ်လုံးတွင် ရွှေးဒင်္ဂါး ၉၉ပြားထည့်ကာ သူဆင်းရဲအခိုင်းအစေ ၏ အိမ်ရှေ့ တွင် ချထားပြီး
တနေရာမှ ချောင်းကြည့်ကြရန်ဖြစ်သည်။ ဘုရင်ကြီးတို့နှစ်ဦးသည် ညအချိန် ရောက်လာသော အခါ ရွှေဒင်္ဂါး၉၉ပြားအိတ် ကို သူဆင်းရဲအခိုင်းအစေ၏ အိမ်ရှေ့၌ သွားချကာ တနေရာမှ ချောင်းကြည့်ကြပါတော့သည်။
သူဆင်းရဲ သည် ရွှေဒင်္ဂါးအိတ်ကိုတွေ့လေသော် ၀မ်းမြောက်ဝမ်းသာဖြင့် မိသားစု ကိုအော်ခေါ်ကာ ကောက်ရသော ရွှေဒင်္ဂါးအိတ်ကိုပြလေသည်။တခဏ ကြာသော် အိမ်တံခါးပိတ်ပြီး မိသားစု အိပ်စက်ကြလေ
သည်။သို့သော် သူဆင်းရဲသည် မအိပ်သေးဘဲ စာပွဲခုံ၌ထိုင်ကာ ရွှေဒင်္ဂါးကို စတင်ရေတွက်ပါတော့သည်။
ထိုအခါ ရွှေဒင်္ဂါး၉၉ပြားကိုသာ တွေ့လေသော် စိတ်မသက်မသာဖြင့် တွေးမိလေသည်။(မဖြစ်နိုင်ဘူး။ရွှေဒင်္ဂါး၁၀၀ဖြစ်ရမယ်။
တနေရာရာ မှာ ရွှေဒင်္ဂါးတစ်ပြားကျနေတာဖြစ်ရမယ်။လိုက်ရှာကြည့်မှဟု တွေးကာ )ခြေကုန်လက်ပန်းကျသည်အထိ လိုက်ရှာပါတော့သည်။အချိန်လင့်ပြီး ရှာမတွေ့သည့်အဆုံး၌ စိတ်ထဲမှာတွေးပြန်သည်။(နက်ဖန်ကစပြီး အလုပ်ကြိုးစားပြီး လုပ်မယ်။ရွှေဒင်္ဂါးတစ်ပြားကို ရအောင်ဝယ်မယ်။ဒါဆိုရင် ငါ့မှာ ရွှေဒင်္ဂါး၁၀၀ဖြစ်သွားတော့မှာ)ဟုစဉ်းစားဆုံးဖြတ်ကာ အိပ်ယာဝင်လေသည်။
သို့သော်နောက်တနေ့တွင် သူဆင်းရဲသည် အိပ်ယာမှနောက်ကျစွာနိုးလေသည်။ တချိန်က အိမ်သူအိမ်သားများကို ချစ်ခင်ယုယစွာဖြင့်နူတ်ဆက်ကာ အလုပ်သွားလေ့ရှိသော သူဆင်းရဲသည် အပြောင်းလည်းကြီးပြောင်းလည်းကာ မိသားစုကို ဆူပူကြိမ်းမောင်းပြီး အလုပ်သို့နောက်ကျစွာ ထွက်လာလေသည်။
သူဆင်းရဲသည် မနေ့ညက အိပ်ရေးမ၀ခဲ့သဖြင့် အလုပ်သို့ရောက်သောအခါ အရင်ကဲ့သို့ လန်းလန်းဆန်းဆန်း ပျော်ပျော်ရွှင်ရွှင် ရှိမနေတော့ပေ။အရင်ကဲ့သို့ ချိုမြန်သာယာသော တေးသီချင်း ကိုလည်းမဆိုဖြစ်တော့ပေ။
သို့သာမက စိတ်ဝေဒနာသည် တစ်ဦးကဲ့သို့ဖြစ်လာကာ အချိန်တိုင်း လျော့နည်းနေသော် ရွှေဒဂါင်္းတစ်ပြားကို
ဘယ်လို လုပ်ပြီး ပြည့်အောင် ဖြည့်ရမလဲ ဟုသာ တွေးနေမိတော့သည်။
ဘုရင်ကြီးသည် ထိုအဖြစ်အပျက်ကို မျက်ဝါးထင်ထင်မြင်ရသောအခါ အံသြမှင်တက်စွာဖြင့် အမတ်ကြီးအားမိန့်လေသည် ။(သူဆင်းရဲသည် ရွှေဒဂါင်္းအိတ် ကောက်ရသော အခါ မိသားစုလိုအပ်ချက်များ ကို ၀ယ်ယူပြီး ပိုမိုပျော်ရွှင်သော ဘ၀၌နေထိုင်သွားရတော့မည်ဟု အကျွန်ုပ် ထင်ခဲ့မိသည်။သို့သော်
ဖြစ်မလာခဲ့ပေ။)ထိုအခါ အမတ်ကြီးက လျှောက်တင်လေသည်။((သူဆင်းရဲသည် အရင်တချိန်က နည်းပေမယ့် ရောင့်ရဲတင်းတိမ်မှု ရှိသဖြင့် မိသားစုနှင့်အတူပျော်ရွှင်ခဲ့ရသည်။ပူပင်ကြောင့်ကြမှု ဟူ၍မရှိခဲ့ပါ။သို့သော် ရွှေဒဂါင်္း၉၉ပြား ရလာသော အခါ ပို၍လိုချင် လောဘဖြစ်လာလေသည်။အရှင်မင်းကြီး
လူသားတို့သည် ရရှိလာသော စည်းစိမ်ဥစ္စာ အပေါ် ရောင့်ရဲမှုမရှိကြပေ။ထပ်ပြီးရအုံးမလား ဟု သာ လိုချင်ရမ္မက်ဖြစ်တတ်ကြသည်။))
لإنسان القانع يحبه الله ويحبه الناس، والقناعة تحقق للإنسان خيرًا عظيمًا في الدنيا والآخرة
(အကြင်သူသည် ရှိသမျှဖြင့် ရောင့်ရဲတတ်သူဖြစ်သော် ဖန်းဆင်းရှင် နှင့်ဖန်းဆင်ခံ တို့၏ချစ်ခင်မှုကြောင့် ၊လောကီ လော
ကုတ္တရာ အောင်မြင်သူဖြစ်ရချေသည်။)
وقد أخبرنا الرسول صلى الله عليه وسلم أنها أفضل الغنى، فقال: (ليس الغِنَى عن كثرة العَرَض، ولكن الغنى غنى النفس
မြတ်တမန် ဤသို့မိန့်ခဲ့သည်((အနှစ်သာရ ရှိသော စစ်မှန်သည့်ချမ်းသာမှုဟူသည် ပစ္စည်းဥစ္စာတို့မှ မဟုတ် ၊စိတ်နှလုံး ချမ်းသား
ခြင်းသည်သာ ချမ်းသားမှု အစစ်အမှန်ဖြစ်ပေသည်))
وقال أحد الحكماء: من أراد أن يعيش حرًّا أيام حياته؛ فلا يسكن قلبَه الطمعُ
ပညာရှိ အဆို ((အကြင်သူသည် အသက်ရှင်သန်ရသည့်အချိန်တခဏအမှန်တကယ် လွတ်လပ်သူဖြစ်လိုသော် စိတ်နှလုံးအတွင်း၌ လောဘစိတ် ကို နေရာမပေးလေနှင့်))

(((ပြီးပြည့်စုံမှုဟူသည် လောဘသားတို့အတွက် လောက၌မရှိပေ။)))

အကောင်းချည်းသာ


ရှင်ဘုရင် တစ်ပါးထံတွင် ပညာရှိအမတ်ကြီးတစ်ဦးရှိလေသည်။ထိုအမတ်ကြီးသည် ဘုရင်ကြီးအပါး၌ အမြဲမပြတ် ခစားရကာ သွားလေရာအရပ်သို့ လိုက်ပါရလေသည်။ဘုရင်ကြီး တခုခု အဆင်မပြေဖြစ်တိုင်း
အမတ်ကြီးသည် ((ဖြစ်သမျှ အကောင်းတွေချည်းပါပဲဟု))လျှောက်တင်လေ့ရှိရာ ဘုရင်ကြီးလည်း
စိတ်သက်သာရာ ရရလေသည်။
တစ်ကြိမ်တခါတွင် ဘုရင်ကြီး၏လက်ချောင်းပြတ်သွားလေရာ အမတ်ကြီးလည်း (ဖြစ်သမျှ အကောင်းတွေ
ချည်းပါပဲ)ဟု လျှောက်တင်မိလေရာ ဘုရင်ကြီးလည်း အမျက်ပြင်းစွာထွက်ပါလေတော့သည်။ဒါလည်း ကောင်းတာပဲလားဟုဆိုကာ အမတ်ကြီးအား ထောင်သွင်းအကျဉ်းချရန် အမိန့်ပေးလိုက်သည်။ အမတ်ကြီး လည်း (ဖြစ်သမျှ အကောင်းတွေ ချည်းပါပဲ ဟု)ဆိုကာ ထောင်နန်းစံရပါလေတော့သည်။
တစ်ရက်တွင် ဘုရင်ကြီးသည် အခြွေအရံတို့ဖြင့် အမဲပစ်ထွက်လေသည်။နောက်လိုက်တို့နှင့် မျက်ခြေပြတ်
ကာ ရုပ်တုဆင်းတုကိုးကွယ်သော လူမျိုးစု တစ်စုရှိရာ အရပ်သို့ မျက်စိလည် လမ်းမှားပြီးရောက်သွားပါတော့သည်။ထိုလူမျိုးစု တို့သည် ဘုရင်ကြီးကိုဖမ်းဆီးပြီး ရုပ်တု အရှေ့တွင်ယဇ်ပူဆော်
ရန်ပြင်ဆင်ကြလေသည်။ထိုအခါမှ ဘုရင်ကြီး၏ လက်ချောင်းပြတ်နေသည် ကိုတွေ့ပြီး အနာအဆာရှိသောကြောင့် ဘုရင်ကြီးအား မသတ်ဘဲ ပြန်လွှတ်ပေးလိုက်လေသည်။
ဘုရင်ကြီးသည် နန်းတော်သို့ပြန်ရောက်ရောက်ချင်း အမတ်ကြီးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီး တောင်းပန်
စကားဆိုလေသည်။((ကျွန်ုပ် ကောင်းကောင်းနားလည်သွားပါပြီး ၊လက်ချောင်းပြတ် တာလည်း အကောင်းဖြစ်တာပဲဆိုတာ လက်ခံသွားပါပြီး။))။ထို့နောက် အမတ်ကြီးအားမေးလေသည်။အသင်
ထောင်ထဲမ၀င်ခင် (ဖြစ်သမျှအကောင်းတွေချည်းပါပဲ)ဟု ဆိုခဲ့သည်။ဘာကြောင့်နည်းဟုမေးလေသော်။
အမတ်ကြီးလည်း လျှောက်တင်လေသည်။(အရှင် မင်းကြီးသာ ထောင်သွင်းအကျဉ်းမချခဲ့ပါက
ကျွန်တော်မျိုးလည်း အရှင်မင်းကြီးသွားလေရာသို့လိုက်ရမည်သာ။ထိုအခါ အရှင်မင်းကြီးအစား
ကျွန်တော်မျိုးသည် ထိုမျိုးနွယ်စုတို့၏ သတ်ဖြတ်ယဇ်ပူဆော်ခြင်းခံရမည်သာဖြစ်သည်။)
(((ထို့ကြောင့်အလ္လာဟ်အရှင်အမြတ်၏ အစီအမံ တို့သည် အကောင်းချည်းသာဖြစ်ပေသည်။)))
السلام عليكم ورحمة الله وبركاته


(((လူတွေကဖန်ဆင်းခံတွေဆိုရင် ဘုရားရှင်ကိုမေးချင်တဲ့မေးခွန်းတခုရှိပါတယ် ဘာကြောင့်ဒီလိုဖန်ဆင်းခဲ့တာလဲ ?..ဘာလို့စိတ်ခံစားမှု့တွေပေးခံစားခိုင်းပြီး ဖန်ဆင်းတာလဲ ?..
ဘာကိုစမ်းသပ်ချင်တာလဲ .. ဘာလုပ်ပေးရင်စမ်းသပ်မှု့ကအောင်မြင်မှာလဲ .?)))


(အထက်ပါမေးခွန်းသည် မနေ့ညက ဘာသာခြားမိတ်ဆွေတစ်ဦး စိတ်ခံစားမှုကြောင့် ဆောက်တည်ရာမရဖြစ်ပြီး မေးလိုက်သည့်မေးခွန်းပင်ဖြစ်ပါသည်)
အတိုချုပ်၍ လိုရင်းဖြေရသော်
(وما خلقت الجن والإنس إلا ليعبدون)
ကျမ်းတော်မြတ်ကုရ်အာန် အဓိပ္ပါယ်မှာ((ငါ အရှင်မြတ်သည် ဂျင်န် သတ္တ၀ါနှင့် လူသတ္တ၀ါတို့အား
တစ်ဆူတည်းသော ငါအရှင်မြတ်ကိုသာလျှင် ခ၀ပ်ကိုးကွယ်ရန်
အလို့ငှာ ဖန်ဆင်းခဲ့ခြင်းသာဖြစ်ပေသည်။))
والدنيا فاتنة ولا قيمة لها. أنت مخلوق للعبادة.
ဤလောကသည် မတည်မြဲသော ပျက်ဆီးရမည်ဖြစ်သော အဖိုးအနဂ္ဂမထိုက်တန်သော အစမ်းသပ်ခံရာဋ္ဌာနီပင်ဖြစ်သည်။
တစ်ပါးတည်းသော ဖန်ဆင်းရှင်ကိုခ၀ပ်ကိုးကွယ် ခြင်းသည်သာလျှင် စမ်းသပ်မှုအောင်မြင်ခြင်း သော့ချက်ဖြစ်ပေသည်။
ထိုအောင်မြင်မှု သော့ချက်သည် ကျေးဇူတော်ရှင် မြတ်တမန်တော်မုဟမ္မဒ်ယူဆောင်လာသော တရားဒေသနာကို တသဝေမတိမ်း
လိုက်နာခြင်း ဖြင့် ရရှိနိုင်ပါသည်။ဤလမ်းစဉ်ကို လိုက်နာကြသော လူသားအားလုံးကို မွတ်စလင်မ် မုအ်မင်န် ဟုခေါ်ဆိုသည်။

((မုအ်မင်န် မွတ်စလင်ဖြစ်လာသူတို့အတွက် လောကဓံဟူသည်မှာوقال صلى الله عليه وسلم :

"ما يصيب المسلم من نصب ولا وصب ولا هم ولا حزن، حتى الشوكة
يشاكها إلا كفر الله بها من خطاياه"
မြတ်တမန် ဤသို့မိန့်ခဲ့သည် ((မွတ်စလင် တို့အပေါ် ကျရောက် လာသော ဒုက္ခ၊သောက ဗျာပါဒ အလုံးစုံတို့သည်
မွတ်စလင်မ်တို့အတွက် အကောင်းချည်းသာဖြစ်ပေသည်။အကြင်မွတ်စ်လင်သည် အမှတ်မထင်
ဆူးလေးတစ်ချောင်းပင်ဆူးခဲ့မိပါက အရှင်မြတ်သည် ထိုဆူးအစား ထိုသူ၏ အပြစ်ကို
ချေဖျက်ပေး လေ သည်။))
عجبًا لأمر المؤمن إن أمره كله خير :إن أصابته سرّاء شكر فكام خيرًا له ،وإن أصابته ضرّاء صبَرَ فكان خيرًا له؛وليس ذلك إلا للمؤمن
رواه مسلم في صحيحه
မြတ်တမန် ဤသို့မိန့်ခဲ့သည် ((မုအ်မင်န်တို့ ဤ လောက၌ကြုံဆုံဖြစ်ပျက်သမျှတို့သည် အံသြသင့်ဖွယ်ရာ
အကောင်းချည်းသာတည်း။
စမ်းသပ်မှု ဒုက္ခနှင့်ကြုံသောအခါ ခန္တီတရားထားရှိသော် ကောင်းမှုကုသိုလ်ပင်ဖြစ်သည်။ဝမ်းမြောက်
ဖွယ်ရာ အဆင်ပြေမှုနှင့်ကြုံသောအခါ ဖန်ဆင်းရှင် အပေါ်ကျေးဇူတင်မိသော် ကောင်းမှုကုသိုလ်
ပင်ဖြစ်သည်။))
يقول الحسن البصري رحمه الله : لا تكرهوا البلايا الواقعة ، والنقمات
لحادثة ، فَلَرُبَّ أمرٍ تكرهه فيه نجاتك ، ولَرُبَّ أمرٍ تؤثره فيه عطبك .
ဟစံဗဆွရီ သခင်၏အဆို(((အသင်တို့အပေါ် ဒုက္ခ ကျရောက်လာသောအခါ မနှစ်မြို့ မဖြစ်ကြလေနှင့်။
အသင်တို့မနှစ်မြို.သော ဒုက္ခတွင် လွတ်မြောက်ခြင်းရှိနိုင်သလို ၊ပြေလည်မှု တွင်လည်း
ပျက်ဆီးခြင်းရှိနိုင်သည်။)))
والله أعلم

ဂရုဏာမုသား



ဒီအဖြစ်အပျက်သည် ကျွန်တော့် ၏ ဘ၀ အစပင်။အလွန်အင်မတန် ဆင်းရဲကျပ်တည်းသော မိသားစု တွင်
တစ်ဦးတည်းသော သားအဖြစ် အစာရေဆာ မလောက်မငှနှင့် ဘ၀ကို အစပျိုးခဲ့သည်။
အမေနဲ့သား မိသားစု ထမင်းဝိုင်းလေး တွင် အနည်းငယ်သော ထမင်းဖြူသာ ရှိခဲ့သည်။တောက်လောင်
နေသော ၀မ်းမီး ကို ငြိမ်းသက်ရန် ပန်ကန်ထဲရှိထမင်းဖြူလေး ကိုအလျှင်အမြန် အဆုံးသတ်လိုက်သည်။ထိုအခါ
အမေက သူမ ပန်းကန် ထဲရှိ မစားဘဲ အချိန်ဆွဲထားသော ထမင်းဖြူကို ကျွန်တော့်ပန်းကန် ထဲ လောင်းထည့်ကာ ((သားပဲ အကုန်စားလိုက်တော့ အမေ မဆာသေးဘူး))
၁။ (အမေ့ ၏ ပထမဆုံး ဂရုဏာ မုသားပင်)
ကျွန်တော် အရွယ်နည်းနည်း ကြီးပြင်းလာသောအခါ အမေ့ မှာ အိမ်မှု ကိစ္စ ဗာဟီရ တို့ဖြင့်
မအားလပ်နိုင် ပေ။သားဖြစ်သူ မြိန်ရေရှက်ရေ စားသောက်နိုင်ရန် အတွက် အိမ်နံဘေး
ရှိ မြစ်ချောင်းသို့ ဆင်းကာ တံငါ အမှုကို ပြုရသည်။တနေ့ အမေ ငါးနှစ်ကောင် ရလာ
တော့ အိမ်သို့ ပြေးလာခါ သားဖြစ်သူ အတွက် အလျှင်အမြန် ချက်ပြုတ်လေသည်။
ထမင်းဝိုင်း စလေပြီး။အရှေ့တွင် ချထားသော ငါးနှစ်ကောင် အနက် တစ်ကောင်
ကို ကျွန်တော်မြိန်ရေ ရှက်ရေ စားသုံးနေလေပြီး။အမေ သည် ဆူးနဲ.အရိုး ကြားတွင်
ရှိနေသာ အသားအနည်းငယ် ကို သာ ကုပ်ချစ် ၍ စားနေလေသည်။ ကျွန်တော့်
ရင်ထဲမကောင်းနိုင်တော့ပါ။ကျန်ရှိနေသော ငါးတစ်ကောင်ကို ယူပြီး အမေ့အရှေ့ချပေးမိသည်။
ချက်ချင်းပင် အမေက ငါးကို ကျွန်တော့် အရှေ့ပြန်ချပေးပြီး ပြောလေသည်။((ဒီငါးကိုလည်း
သားပဲ စားလိုက်ပါ။သားမသိဘူးလား ? အမေ ငါးမကြိုက်ဘူးဆိုတာ))
၂။(အမေ့၏ ဒုတိယ ဂရုဏာမုသားပင်)
ကျွန်တော် ကျောင်းနေအရွယ်ရောက်လာသော အခါ ကျောင်းအပ်ရန်ပင် စရိတ်မတတ်နိုင်ခဲ့ပေ။
အမေ အမေ သည် ဈေးထဲရှိ အထည်ဆိုင် တစ်ဆိုင် သို့သွားကာ အိမ်တကာလှည့်ရောင်းသော
အထည်ထမ်းသမား ကူလီ အဖြစ်အလုပ်လုပ်ရလေသည်။အရိုးကွဲမတတ် အေးခဲနေသော ဆောင်းတစ်ည
တွင် အမေ အိမ်ပြန် နောက်ကျနေသဖြင့် ကျွန်တော် စိတ်ပူကာ လမ်းခြို လမ်းခြား ထွက်ရှာပါတော့သည်။
တွေ့လေပြီး။ အထုပ် တွေမနိုင်မနင်း ထမ်းပြီး အိမ်တကာ တံခါးခေါက် ဈေးရောင်းနေသော အမေ့ကို
တွေ့လေပြီး။ အမေရေ အမေလို့ ကျွန်တော် ခေါ်ကာ အမေ့ကို ပြောပါတော့သည်။((အမေ လာ ပြန်ကြရအောင်။အရမ်း မိုးချုပ်နေပြီး အမေ ။ဒီလောက် အေးနေတာ အမေရယ်။မနက်မှ ဆက်လုပ်ပါနော်))
ထိုအခါ အမေက ((အမေ မမောသေးပါဘူး သားရယ်))
၃။(အမေ့၏ တတိယ ဂရုဏာမုသားပင်)
စာမေးပွဲကြီးဖြေဆိုရန် အချိန်အခါ ရောက်လို့လာပါပြီး။သားနှင့်အတူ အမေကျောင်းသို့လိုက်လာခဲ့သည်။
ကျွန်တော် စာမေးပွဲအခန်းအတွင်း ၀င်တော့ အမေ သည် ပြင်းပြင်းပူသော နေရောင် အောက် တွင်
ချွေးတလိပ်လိပ် ဖြင့် ရပ်စောင့်၍ နေလေသည်။စာမေးပွဲဖြေ ဆို ပြီး၍ ကျွန်တော် ထွက်လာတော့
ရေခွက်တစ်ခွက် ကိုကိုင်ကာ အောင်ပွဲပြန် ကြိုဆိုသကဲ့သို့ ဖြောင်းဖြောင်းဖျဖျ အမေ ကြိုဆိုနေသည်။
အမေဖြစ်သူ၏ ကမ်းလင့်ကြိုဆိုသော ရေခွက်ကို တစ်ကျိုက် မော့သောက်ပြီး အမေ့၏ မေတ္တာအားမာန် ကြောင့်
ရင်ထဲတွင် အေးမြလာ၍ ငြိမ်းချမ်း မှုအပေါင်း ဖြင့်ပြည့်သွားပေသည်။ရုတ်တရက် အမေ့မျက်နှာပေါ်တွင်
တွဲခိုနေသော ချွေးသီး ချွေးပေါက် ကိုမြင် ပြီး ချက်ချင်းပင် အမေ့ထံ ခွက်ကမ်းကာ အမေ ရေသောက်လိုက်
ပါအုံး ဟု ဆိုတော့ အမေက ((အမေ့သားလေး သားပဲသောက်ပါ။အမေ ရေမဆာဘူး))
၎။(အမေ့၏စတုတ္ထဂရုဏာမုသားပင်)
အဖေဆုံးပါးပြီးနောက် မုဆိုးမအဖြစ် ဘ၀ကို အမေကြမ်းကြမ်းတမ်းတမ်းရုန်းကန်ခဲ့ရသည်။မိသားစုတာဝန်၊
တာဝန် ပေါင်းများစွာတို့သည် အမေ့ခေါင်းပေါ်သို့ကျလာခဲ့သည်။အခက်အခဲ အကျပ်အတည်းများစွာဖြင့်
မိသားစု ကိုဦးဆောင်ရသည်။အနီးအနားတွင် နေထိုင်သော ကျွန်တော့်ဦးလေးဖြစ်သူလည်း သူတတ်စွမ်းသလောက် စားစရာ ကူညီထောက်ပံ့ပေးသည်။တနေ့တခြား ဆင်းရဲကျပ်တည်းပြီး
အခြေအနေ ဆိုးသထက် ဆိုးဝါးလာနေသည် ကို အိမ်နီးနားချင်းများ မြင်တော့ အမေ့ကိုနားချကြသည်။
((အရွယ်လည်း ငယ်သေးတာပဲ ၊ပိုက်ဆံရှိတဲ့လူတစ်ယောက်နဲ့ အိမ်ထောင်ပြုလိုက်ပါလား?))
ထိုအခါ အမေက ((ကျွန်မ အတွက် အချစ်တွေ မလိုတော့ပါဘူး))
၅။(အမေ့၏ ပဉ္စမ ဂရုဏာမုသားပင်)
ကျွန်တော်ဘွဲ့ရပြီး အလုပ်ကောင်းတခုရလေရာ မိသားစုတာဝန် တွေ ကိုပုခုံးပြောင်းယူပြီး
အမေ့ကိုပြုစုစောင့်ရှောက်ရန် ဆုံးဖြတ်လိုက်သည်။အမေသည် အရင်လို အရပ်တကာလှည့်ပြီး
ဈေးရောင်းနိုင်လောက်အောင်လည်း ကျန်းမာရေး မကောင်းတော့ရာ မနက်စောစောဈေးတွင်
သာ ဟင်းသီးဟင်းရွက်များ ခင်းပြီးရောင်းချနေသည်။အမေ ဈေးမရောင်းပါနဲ့တော့ဟု ကျွန်တော်
တားနေသော်လည်း အမေလက်မခံသော အခါ ကျွန်တော်လစာရလာတော့ အမေ့ကို ပေးလေ
သည်။ထိုအခါ အမေက((သားပိုက်ဆံ သားပဲသိမ်းထားပါ သားရယ် ။အမေ့မှာ ပိုက်ဆံ လုံလုံ
လောက်လောက် ရှိပါတယ်))
၆။(အမေ့၏ဆဋ္ဌမ ဂရုဏာမုသားပင်)
ကျွန်တော်အလုပ်တစ်ဖက်ဖြင့် မာစတာဘွဲ့ရအောင် ကြိုးစားခဲ့သည်။ထိုအခါ ကျွန်တော့်
လစာလည်းမြင့်လာ ခဲ့ပြီး ဂျာမန် ကုမ္ပဏီ တစ်ခုမှ ဂျာမန် တွင် အလုပ်လုပ်ရန် ခန့်အပ်ခဲ့သည်။
အတိုင်းမသိ ၀မ်းသာမိသည်။ကျွန်တော့်အိပ်မက် တွေတဖြည်းဖြည်း ရုပ်လုံးပေါ်လာနေပြီးဖြစ်သည်။
ဂျာမန်တွင် အခြေကျသည်နှင့်တပြိုင်နက် အမေ့ကို အတူလာနေရန် ကျွန်တော်လှမ်းခေါ်ပါတော့သည်။
ကျွန်တော် ၀န်ပိမည် စိုးသဖြင့် အမေက ((သားရယ် အမေက စည်းဇိမ်နဲ့နေလို့မတတ်ဘူး))
၇။(အမေ့၏ သတ္တမ ဂရုဏာမုသားပင်)
အမေ အသက်အရွယ်အိုမင်းလာတော့ ကြောက်မက်ဖွယ်ရာ ကင်ဆာ ရောဂါ ဝေဒနာ ခံစားလာရသည်။
ဒီအချိန် တွင် အမေ့ကို အနီးကပ်ပြုစုရန်လိုအပ်နေပြီးဖြစ်သည်။ကျွန်တော်ချစ်သော အမေနှင့် ကျွန်တော်
ရေမြေ ခြားလို့နေသည်။ကျွန်တော်အရာ အားလုံးကိုထားခဲ့ပြီး အမေရှိရာ အမေ့အိမ်သို့ပြေးလာပါတော့သည်။
ခွဲစိတ်ကုသမှု ခံယူပြီး အိပ်ယာတွင် ပက်လက်မျောနေသော အမေ ၊အမေ ကျွန်တော့်ကို မြင်သည်နှင့်
အားတင်းပြီး ပြုံးပြလေသည်။ကျွန်တော့် ရင်ထဲမှာဆို့နင့်လို့နေသည်။အမေ ပိန်ချုံးပြီး အားအင်ချိနှဲ့နေသည်ကို မြင်ပြီး ကျွန်တော် အသည်း နှလုံးတွေ မီးမြိုက်ခံရသည်နှယ် လောင်ကျွမ်းနေသည်။မမှတ်မိနိုင်လောက်အောင်
အမေ့ရုပ်ရည် ကျဆင်းသွားသည်ကိုမြင်ပြီး မျက်ရည်တွေ ဒလဟော စီးဆင်းလာသည်။
သို့သော်လည်း အမေ အားတင်းပြီး နှစ်သိမ့်ပေးပြန်သည်(( အမေ့သား မငိုနဲ့သား မငိုပါနဲ့။
အမေ ဘာဝေဒနာမှ မခံစားရဘူးသား))
၈။(အမေ့၏ အဋ္ဌမ ဂရုဏာမုသားပင်)
နောက်ဆုံးအကြိမ် ထို စကားဆိုပြီး အမေမျက်လုံးမှိတ်သွားခဲ့လေပြီး။
ထာဝရ မှိတ်သွားခဲ့လေပြီး။

قال تعالى: {فَلا تَقُلْ لَهُمَا أُفٍّ
ကျမ်းတော်မြတ်ကုရ်အာန် ((မိခင် ဖခင် တို့အပေါ် အို့ ဟူ၍ပင် မပြောဆိုရ)
ن عن عبد الله بن عمرو رضي الله عنه قال صلى الله عليه وسلم ( رضا الرب في رضا الوالدين وسخطه في سخطهما
မြတ်တမန် ဤသို့မိန့်ခဲ့သည် (မိဘတို့၏ နှစ်မြို့ မှု ထဲတွင် ဂရုဏာသခင် ဖန်ဆင်းရှင်၏ နှစ်မြို့မှု ရှိလေသည်။
မိဘတို့၏ အမျက်ထဲတွင် ဖန်ဆင်းရှင်၏ အမျက်ရှိလေသည်။

عن أبي هريرة قال: قال رسول الله : ((رغم أنف ثم رغم أنف
ثم رغم أنف من أدرك والديه عند الكبر أحدهما أو كلاهما فلم يدخل الجنة
မြတ်တမန် ဤသို့မိန့်ခဲ့သည်(မိဘနှစ်ပါးအသက်ကြီးရင့်လာသည်ကို ကြုံကြိုက်ပါလျှက် အလုပ်အကျွေးပြုပြီး
ဂျန္နသ် သုခဘုံ အရမယူနိုင်သူသည် အကြိမ်ကြိမ် အခါခါ အသုံးမကျ ကံဆိုးသူပင်)

قال: ((فالزمها، فإن الجنة عند رجلها
မြတ်တမန်ဤသို့မိန့်ခဲ့သည် (မိခင်၏ခြေရင်းတွင် သုခဘုံရှိလေသည်)ခြေဆုပ်လက်နှယ် အလုပ်အကျွေးပြု၍ ရယူကြလေကုန်)

فجلوسك تحت أقدام والديك وتقبيلهما وغرس
السعادة في قلبيهما
အိုး သားသမီအပေါင်းတို့
(အသက်ရှင်သန်လျှက်ရှိနေသေးသော မိဘတို့၏ခြေအောက်တွင်ထိုင်ကြလေ။နမ်းရှုပ်ကြလေ။မိဘတို့၏ စိတ်အတွင်းဝယ် ကြည်နူးပီတိဖြစ်လေအောင်စွမ်းဆာင်ပြီး မိဘတို့၏ကျေးဇူ့တရားကို အမြဲမပြတ် သတိရကြပါလေ)
أحبّــــــكِ يا أمّــــــــي
(((သား အမေ့ကိုအရမ်းချစ်တယ် အမေ)))

အေးမြစေသာ


အလုပ်ပင်ပန်းလွန်း၍ နုံးချိနေသော ဖခင်ရှိရာသို့ ခလေးငယ်လေး ၀င်လာခဲ့သည်။ဖခင်ဖြစ်သူမှာလည်း မနက်မှ ညနေ ပရောဂျက် ကိစ္စ ကန်ထရိုက်ကိစ္စ တို့ဖြင့် မအားလပ်နိုင်အောင်ဖြစ်ရသည်။စားချိန် အိပ်ချိန် မှလွဲ၍ အိမ်မှာ
နားနေချိန်ပင် မရှိပေ။ခလေးငယ်လေး က ((ဘာကြောင့်လဲ အဖေ ?အဖေ သားနဲ. ကစားလည်း မကစားပေးတော့ ဘူး ။ သားကို ပုံပြင်လည်း မပြောပြတော့ဘူး။သားလေ အဖေ နဲ. အရမ်းကစား ချင်နေတာ။အဖေ့ ပုံပြင်တွေကိုလည်း လွမ်းနေတာ။))
(( ဒီနေ. အဖေ သားနဲ့ နည်းနည်းဆော့ပေးပါလား?သားကိုလည်း ပုံပြင်လေးပြောပြပါလား အဖေ))
ထိုအခါ ဖခင်ဖြစ်သူက (( သားကလဲကွာ အဖေ့မှာ ဆော့ဖို့ အချိန်မရှိဘူး။အချိန်ဖြုန်းလို့ မဖြစ်ဘူး။
အဖေ့မှာ လုပ်စရာတွေ တစ်ပုံကြီးပဲ။အဖေ့ အချိန်တွေက တန်ဖိုးရှိတယ် သားရဲ့))
ခလေးငယ်လေးက ((သားကို တစ်နာရီလောက်ပဲ အချိန်ပေးပါလား အဖေ။သား အဖေ့ကို အရမ်း
လွမ်းလို့ပါ))
ထိုအခါ ဖခင်ဖြစ်သူက ((သားကလဲကွာ အဖေ အခု ရှာနေဖွေနေတာက သားတို့အတွက်ပဲလေ။
သားကို အဖေပေးလိုက်ရမယ့် အချိန်တစ်နာရီမှာ အဖေ ပိုက်ဆံ တစ်ရာလောက် ကောင်းကောင်း
ရှာလို့ရတယ်။အဖေ သားနဲ့ အချိန်ဖြုန်းလိုက်လို့မရဘူး။သွား သွား မင်း အမေဆီသွား ။မင်း အမေနဲ့
သွားဆော့))
ရက်တွေ တရွေ့ရွေ့ကုန်လာသည်။ဖခင်ဖြစ်သူမှာလည်း အလုပ်တွေပိုပို ပြီး ရှုပ်နေသည်။တစ်ရက်
မှာတော့ ရုံးခန်းတံခါး ပွင့်နေလေရာ ခလေးငယ်လေး လည်း သူ့ဖခင် ထံဝင်လာခဲ့သည်။
ထို့နောက် ခလေးငယ်လေးက (( အဖေ သားကို ပိုက်ဆံငါးကျပ်လောက်ပေးပါလား?))ဟုဆိုလေရာ
ဖခင်ဖြစ်သူက ((ဘာအတွက်လဲ? နေ့တိုင်းမုန့် ဖိုး ငါးကျပ်ပေးထားတာ ဘာလုပ်လိုက်လဲ?သွားသွား
ငါ့မျက်စိ အရှေ့က အခုထွက်သွား။မင်းကို အခုတစ်ပြားမှ မပေးနိုင်ဘူး))ဟု ပြောလေသည်။
ခလေးငယ်လေး သည် ၀မ်းနည်းပက်လက်ဖြင့် ထွက်ခွါသွားလေသည်။တခဏကြာတော့
ဖခင်ဖြစ်သူမှာ သားအပေါ် ဆက်ဆံမိတာကို ပြန်တွေးမိပြီး သားဖြစ်သူ ကိုပြန်ချော့ရန်
ဆုံးဖြတ်ကာ သားအခန်းသို့ ၀င်လာခဲ့သည်။ထို့နောက် သားကို ပိုက်ဆံငါးကျပ် ထုတ်ပေးလိုက်လေသည်။
ပိုက်ဆံငါးကျပ်ရသော အခါ ခလေးငယ်လေး သည် အကြီးအကျယ် ပျော်ရွှင်သွားပါတော့သည်။ထို့နောက်
ခုတင်သို့ ပြေးကာ ခေါင်းအုံးကိုမသည်။ခေါင်းအုံး အောက်၌ ပိုက်ဆံကို စုထားလေသည်။
ထိုအခါ အဖေက အံအားသင့်ပြီး မေးလေသည်။((သားမှာ ပိုက်ဆံအများကြီးရှိလျှက်နဲ့ ဘာလို့ အဖေ့ဆီက
ပိုက်ဆံငါးကျပ် လာတောင်းတာလဲ?))
ထိုအခါ သားဖြစ်သူ က (( အဖေ ပေးတဲ့ မုန့်ဖိုးတွေကို သားစုထားတာပါ။တစ်ရာ ပြည့်ဖို့ ငါးကျပ်လိုနေလို့
အဖေ့ဆီက တောင်းမိတာပါ။
အဖေ အခု ဒီပိုက်ဆံ တစ်ရာကို အဖေ ယူပါတော့။သားကို အဖေ့အချိန်တွေထဲ က တစ်နာရီပေးပါတော့))
يها الآباء أيتها الأمهات:
في قرة أعينكم؛ فأطفالكم أمانة كبرى في أعناقكم، وسوف تُسْألون عنهم يوم القيامة،
အိုး မိခင် ဖခင် အပေါင်းတို.
((စက္ခု အစုံ ကို အေးမြစေသော သားသမီး တို့သည် အသင်တို့ဦးထိပ်ပေါ်တွင် အပ်နှံထားသော အမာနသ်ပင်။
စုရုံးရာနေ့ တွင် အမေးအမြန်းခံရမည်သာ))

: قال رسول الله صلى الله عليه وسلم :
( أكرموا أولادكم ، و أحسنوا أدبهم
မြတ်တမန် ဤသို.မိန့်ခဲ့သည်။((သားသမီးတို.အပေါ်ဝယ် ကြင်ကြင်နာနာ ယုယုယယဖြင့် ပြုစုပျိုးထောင်ကြပါလေ။
တရားဒေသနာ သိမှတ်ဖွယ်ရာများဖြင့် ကိုယ်ကျင့်တရားကောင်းမွန်အောင် ပျိုးထောင်ကြပါလေ။
فقال – صلى الله عليه وسلم – ( اعدلوا بين أولادكم في العطية
သားသမီးတို.အပေါ်ဝယ် တပြေးညီသော ချစ်ခြင်း မေတ္တာဖြင့် ချီးမြှင့် မြှောက်စား
ဂရုဏာ ထားကြပါလေ))


အစောတလျှင်


အဖိုးအိုတစ်ဦး သည် အသက်နှစ်ဆယ့်ငါးနှစ်ခန့်မျှ ရှိသော သူ၏သားနှင့် အတူ ရထားတစ်စီးပေါ်တွင် စီးနင်းလိုက်ပါလာသည်။ပြတင်းပေါက်ဘေးတွင် ထိုင် နေသော လူငယ်လေး၏မျက်နှာ တွင် ပျော်ရွှင်ရိပ် နှင့် အရာရာ ကို စူးစမ်းသိလိုစိတ်ဖြင့် ပြည့်သမ်းနေလေတော့သည်။လူငယ်လေး သည် ပြတင်းပေါက်မှ လက်နှစ်
ဖက်ကို ထုတ်၍ လေတလူလူတိုက်ခတ် ထိတွေ့သည် အရသာခံနေလေသည်။ထို့နောက် သူ့အဖေကို ပြောလေသည် (( အဖေရေ ဒီမှာ ကြည့်ပါအုံး သစ်ပင်တွေက သားတို့ အနောက်က လိုက်နေသလိုပဲနော်))
အဖိုးအိုးလည်း သူ့သား ပျော်ရွှင်မြူးတူး နေသည် ကို ကြည့်ပြီး ပြုံးနေလေသည်။
သူတို့နံဘေး ရှိ စုံတွဲတစ်တွဲကတော့ သားအဖ နှစ်ဦး ပြောဆိုနေသည် ကို ကြားပြီး စိတ်ထဲမှာ စနိုးစနောင့် ဖြစ်နေလေသည်။((ဘယ်လို ကောင်လေးလဲ မသိဘူး ။အသက်က ဖြင့် နှစ်ဆယ့် ငါးနှစ်လောက်ရှိတော့မယ်။ ခလေး လေး လိုလုပ်နေလိုက်တာ ဟု တွေးနေမိသည်))
လူငယ်လေးက ဒုတိယတစ်ကြိမ် အော်ပြန်လေသည် ((အဖေ ဟိုမှာ ကြည့်ပါအုံး ရေကန်လေး တစ်ခု၊
အထဲမှာ တိရစ္ဆာန်တွေလည်း ရှိတယ်နော် တိမ်တွေကလည်း ရထားနဲ့အတူရွေ့နေတာပဲ ။နံဘေးရှိ
စုံတွဲမှာတော့ လူငယ်လေး စကား ကို ကြားပြီး အံ့သြရင်း အံ့သြလို့လာပါတော့သည်။
တအောင့်ခန့်မျှကြာတော့ မိုးရွာချလာလေသည်။မိုးစက်ကလေးတွေသည် လူငယ်လေး လက်ပေါ်သို.
တဖျောက်ဖျောက် ကျလာရာ လူငယ်လေးမှာ အတိုင်းမသိ ကြည်နူးနေပါလေတော့သည်။
နောက်တစ်ကြိမ် အော်ပြောပြန်သည် ((အဖေ ကြည့်ပါအုံး မိုးရေတွေ သားလက်ကို လာထိနေတာ))
ဒီတစ်ကြိမ်မှာတော့ နံဘေးရှိ စုံတွဲသည် ဘယ်လိုမှ ထိန်းချုပ်နိုင်စွမ်းမရှိတော့ပါ။
ထို့ကြောင့် အဖိုးအို ကိုပြောပါလေတော့သည် (( ရှင့်သားကို ဆရာဝန် သွားပြပါအုံး ကြည့်ရတာ
ရှင့်သား ဆေးကုဖို့တော့လိုနေပြီး ဟုဆိုလေသည်))ထိုအခါ အဖိုးအိုက ((ဟုတ်ပါတယ်
ကျွန်တော့်သားလေး လည်း အခုမှ ဆေးရုံကဆင်းလာတာပါ။
သူ့ဘ၀မှာ မျက်စိအလင်းရပြီး လောကကြီးကို ပထမဆုံးအကြိမ် ကြည့်ရူခွင့်ရလိုက်တာပါပဲ။

"لا تستخلص النتائج حتى تعرف كل الحقائق"
အသင်သည် လူတို့၏ အခြေအနေအမှန်ကို တိတိကျကျမသိဘဲ အစောတလျင် ဆုံးဖြတ်သူမဖြစ်ပါစေနှင့်))
يَا أَيُّهَا الَّذِينَ آمَنُوا اجْتَنِبُوا كَثِيرًا مِنَ الظَّنِّ إِنَّ بَعْضَ الظَّنِّ إِثْمٌ
ကျမ်းတော်မြတ်ကုရ်အာန်(( အို ငြိမ်းချမ်းသော သာသနာ ကို စစ်မှန်စွာယုံကြည်သူတို့ လူအပေါင်းတို့အား
အထင်ဖြင်.မြင်ခြင်းများမှ ရှောင်ရှားကြလော့ ဧကန်စင်စစ် အချို့အချို့ သော
ထင်မြင်ယူဆမှု များသည် မကောင်းမူ အကုသိုလ် ပင်ဖြစ်လေသည်))
وقال الغزالي: (سوء الظن غيبة بالقلب
အေမာမ် ဂဇာလီ ၏ အဆို ((မကောင်းထင်မြင် ခြင်း သည် နှလုံးသားဖြင်.အတင်းအဖျင်းပြုမိခြင်းပင်))




ပျုပျုငှာငှာ


အာရပ်မျိုးနွယ်စု မှ လူတစ်ဦးသည် ကုလားအုတ် ကိုစီးနှင်း ၍ ဆွေမျိုးသားချင်း များ ရှိရာ အရပ်သို့ အလည်အပတ် ခရီးထွက်လာခဲ့လေသည်။အလည်အပတ်ခရီးစဉ် အပြီး အိမ်အပြန် လမ်းတွင် အလွန်အမင်း ရေငတ်ပြီး ဆာလောင်မွတ်
သိပ်လာပါတော့သည်။ထို့ကြောင့် လမ်းခုလပ် ရှိ တဲအိမ်တစ်လုံးရှေ့တွင် ရပ်နားကာ အကူအညီ အစာရေဆာ တောင်းခံ
လေသည်။ အိမ်ရှင်မလည်း လှိက်လှဲပျုငှာစွာ ကြိုဆိုပြီး အိမ်ပေါ်တွင်နေရာပေးကာ အစာအသောက်များ ယူလာချပေးသည်။
ထို.နောက် အတွင်းခန်းသို့ ပြန်လည်ဝင်သွားလေသည်။
အစားအသောက်ဖြင့် ကျွေးမွေး ဧည့်ခံပြီးခါစ အချိန်တွင်ပင် သူမ၏ အမျိုးသား အလုပ်မှပြန်လည်ရောက်ရှိလာပါတော့သည်။
ထို့နောက် အချီအချ ပြောဆိုနေသံ ကို ဧည့်သည်မှာ ကြားနေရလေသည်။
ယောက်ျား (( ငါ့အစားအသောက် ဘယ်မှာလဲ?))
မိန်းမ ((ဧည့်သည် လာလို့ဧည့်ခံလိုက်ပါတယ်))
ယောက်ျား((တော်တော် အသုံးမကျတဲ့ မိန်းမ ငါ့အစားအသောက် ကို ဧည့်သည်ကိုကျွေးစရာလား?))
တခဏကြာသော် ဧည့်သည်ကို ဧည့်ခံရလေမလား ဟု မိန်းမကို ပြသနာရှာနေလေတော့သည်။
ဧည့်သည်မှာလည်း ကုလားအုတ်ကို ဆွဲကာ လိုရာ ခရီးကိုထပ်ဆက်ပါတော့သည်။
ခရီအတန်ကြာ သွားမိသော အခါ ခေတ္တ အနားယူရန်နှင့် ရေငတ်ပြေ စေရန် အတွက် တဲအိမ်တစ်လုံး အရှေ့သို့
ရပ်ခါ အကူအညီတောင်းလေသော် အိမ်ရှင်မ က စူပုပ်သော မျက်နှင်ဖြင့် ((ဒို့ အိမ်က ဧည့်သည်ကို
ကျွေးစရာ အစားအသောက် အပို မရှိဘူး ။ဧည့်သည်လည်း လက်မခံဘူး ဟု)) မောင်းထုတ်လေ သည်။
အာရပ်ခရီးသွား လည်း ရှေ့ခရီးဆက်ရန် ပြင်လေသော် အိမ်ရှင် အမျိုးသား အသံကိုကြားရလေသည်။
((မိန်းမရေ ဘယ်သူလာတာလဲ?ဟုမေးလေသည် ။မိန်းမကလည်း ခရီးသွား ဧည့်သည် တစ်ယောက်ပါဟု
ဆိုလေသော် ။ချက်ချင်း အိမ်ပေါ်သို့ခေါ် ကာ ပျုပျုငှာငှာ နေရာပေးလေသည်။
ထို့နောက် အိမ်ရှင် အမျိုးသားက ခရီးသွား ဧည့်သည် ၏ ကုလားအုတ်ကို အဆုံးစီရင်လိုက်ပြီး
ချက်ပြုတ်ရန်အတွက် သူ့မိန်းမကိုပေးလေသည်။ဧည့်သည် မှာလည်း သူ့အစီးအနင်း အဖြစ်ဆိုးကို
မြင်သော် စိတ်ထဲမှာ ပူပင်မိနေတော့သည်။ချက်ပြုတ်ပြီးစီးသော အခါ အိမ်ရှင်အမျိုးသား သည်
ဧည့်သည် ၏ ကုလားအုတ်သားဖြင့် ဧည့်သည်ကို အားရပါးရ ပြန်ဧည့်ခံပေးနေတော့သည်။စားသောက်ပြီးစီး
သောအခါ အိမ်ရှင် အမျိုးသား က တိရစ္ဆာန်အုပ် အိမ်ရှေ့သို.မောင်းနှင်လာရန် သူ၏ သိုးထိန်းကို
အမိန့်ပေးလေသည်။ထို့နောက် ဧည့်သည် ဘက်သို့လှည့်၍ ကျွန်ုပ်သည် အသင်၏အစီးအနင်း
ဖြင့် အသင့်အား ဧည့်ခံမိလိုက်သဖြင့် အသင် သည် ကျွန်ုပ် ပိုင်သော ကုလားအုတ်များ မှ အကောင်းဆုံး ကုလားအုတ်နှစ်ကောင်
ကို အစီးအနင်းဖြင့် ရွေးချယ်ပါ။ကျွန်ုပ် အစားပြန်ပေးခြင်းဖြစ်ပါသည်။အလုံးစုံသော ကိစ္စပြီးစီးသောအခါ ဧည်သည် လည်း ဆက်လက်
ထွက်ခွါရန် ပြင်ဆင်လေသည်။ထို့နောက်မှ ကိစ္စတခုကို ရုတ်တရက် သတိရလာ သဖြင့် အိမ်ရှင်အမျိုးသား အားလှမ်းမေးမိသည်။
ကျွန်ုပ်လမ်းခုလပ် တွင် တဲအိမ်တစ်လုံး၌ ခေတ္တနားခိုခဲ့သည်။ထိုအိမ်ရှိ အိမ်ရှင်မသည် အလွန်အင်မတန် ရက်ရောပြီး သူမ၏ အမျိုးသား
သည် စေးနှဲသူဖြစ်သည်။ယခု အသင့်အိမ်သို့ရောက်သော် အသင်သည် ရက်ရောလွန်းသူ ဖြစ်ပြီး အသင်၏ အမျိုးသမီး မှာမူ စိတ်ပုပ်
စေးနှဲလွန်းနေသည်။ထိုအခါ အိမ်ရှင် အမျိုးသားက ပြောပြလေသည်။
အသင်လမ်းခုလပ်တွင် တွေ့ခဲ့သော အိမ်ရှင် မ သည် ကျွန်တော့်၏ ညီမအရင်း ပင်ဖြစ်သည်။
သူမ၏ယောက်ျားသည် ကျွန်တော့်အမျိုးသမီး၏ အစ်ကိုပင်ဖြစ်ပါသည်။
الكريم يحس نفسه غنيا دائما
အကြင်သူသည် ရက်ရောတတ်သူဖြစ်သော် ထာဝရချမ်းသာခြင်း ဟူသော စိတ်သုခကို ပိုင်ဆိုင်ရသည်။

أقربكم إلى الله أسخاكم
ရက်ရောမူ အရှိဆုံးသော မွတ်စလင်မ်သည် အရှင်မြတ်နှင့် အနီးဆုံးသူပင်။
وعن أبي موسي الأشعري رضي الله عنه قال‏:‏ قال رسول الله صلى الله عليه وسلم ، “ عودوا المريض، وأطعموا الجائع، وفكوا العاني‏"‏ ‏(‏‏(‏رواه البخاري‏)‏‏)‏‏
မြတ်တမန် ဤသို့မိန့်ခဲ့သည်(( ဆာလောင်မွတ်သိပ်နေသူတို့အား ပျုပျုငှာငှာကျွေးမွေးဧည့်ခံကြပါလေ))

စံပြုလောက်သူ



ဆေးရုံတစ်ခုရှိ အခန်းကျဉ်းလေး တစ်ခုတွင် လူနာနှစ်ဦးရှိလေသည်။ထိုသူနှစ်ဦး ၏ ရောဂါဝေဒနာမှာ ကျွမ်းနေပြီး ဖြစ်သဖြင့် လက်လျော့ ရတော့ မည့် အခြေအနေပင် ဖြစ်သည်။ရောဂါသည် နှစ်ဦး အနက်
တစ်ဦး ကိုမူ ဆရာဝန် ခွင့်ပြုချက်ဖြင့် ညနေခင်းအခါရောက်တိုင်း ခုတင်ပေါ်တွင် တစ်နာရီထိုင်ခွင့်ပြုထားလေသည်။
ကျန်တစ်ဦးမှာမူ အချိန်တိုင်း ခုတင်ပေါ်တွင်သာ မလှုပ်မယှက် လှဲလျောင်း၍ သာ။
နေ.တဓူဝ နှစ်ဦး သား မှာ တစ်ဦးကို တစ်ဦးမမြင်ရပဲ ခုတင်ပေါ်တွင်ကျောခင်း ၊မျက်နှာကျက်
ကိုငေးမော ကြည့်ကာ မိသားစု အကြောင်း ၊အိမ် အကြောင်း ဘ၀အကြောင်းများ ကို အချင်းချင်းရင်ဖွင့်၍ သာ
ကုန်ဆုံးနေရသည်။
သို့သော်လည်း ညနေခင်းအခါ ရောက်တိုင်း ဆရာဝန်ညွှန်ကြားချက်ဖြင့် ခုတင်ပေါ်တွင်
တစ်နာရီထိုင်ခွင့်ရသူ လူမမာက ပြတင်းပေါက်မှ ကြည့်ပြီး ပြင်ပလောက ၏ မြင်ကွင်းများကို မိမိ
မိတ်ဆွေ အား ပြောပြပေးသည်။သူ့ မိတ်ဆွေလူမမာ သည်လည်း ဒီအချိန်ကိုပင် နေ့စဉ်စောင့်မျော်နေခြင်းသာတည်း။မိမိကြားရသမျှကို စိတ်ကူးတွင်ပုံဖေါ်ကာ အားတင်း၍ သာ
နေနေရသည်။
ပြတင်းပေါက်ဘေးမှ ထိုင်ကြည်.ကာ အားတက်တရော ပြောနေလေပြီး။ ((သူငယ်ချင်းရေ အပြင်မှာ
အရမ်း သာယာလိုက်တာ ။ပန်းဥယျာဉ်လေး တစ်ခုရှိတယ် ။အဲ.ဒီ ဥယျာဉ်ထဲမှာ ရေကန်လေး တစ်ခုလည်း
ရှိနေတယ်။ ဘဲ၊ငန်း တွေလည်း ရေကန်ထဲမှာ ကူးခပ်နေတာ။ကလေးတွေ အများကြီးပဲ ၊ ရေကန်ထဲမှာ ရွက်လှေ လှလှလေးတွေ လွှတ်ပြီး ဆော့ကစားနေ ကြတာ။ဟိုဘက် နားလေး မှာ လူတွေ ပိုက်ဆံ ပေးပြီး ဘုတ်စီးနေတာ။အမျိုးသမီး တွေ အမျိုးသား တွေကလည်း လက်မောင်းခလေး တွေ ချိတ်ပြီး ကန်ဘောင်
မှာလျောက်နေလိုက်တာ။ဟိုနား လေးမှာတော့ လူတွေသစ်ပင် အရိပ်မှာ အပန်းဖြေနေကြတာ။ပန်းမျိုးကလည်း
စုံလို. သူငယ်ချင်းရေ ၊ စွဲဆောင်မှု ရှိလိုက်တဲ.ပန်းရောင်စုံ တွေပဲ။ကောင်းကင်ကြီး ကလည်း ကြည့်သူတွေရဲ့ ရင်ကိုအေးစေလောက် အောင် လှပနေလိုက်တာ။တစ်ဦးက ချီးမွမ်းခန်း ဖွင်.နေတာ ကို ကျန်တစ်ဦးက
မျက်လုံးခလေး မှိတ်ပြီး ဇိမ်ခံတွေးတော ကာ နားထောင်နေလေတော့သည်။တစ်ရက်မှာ စစ်ရေးပြအခမ်းအနား
ကျင်းပတော့ နားထောင်နေသူ ကိုပင် မြင်နေရသယောင် သူ့သူငယ်ချင်းလူမမာ က ဖွဲ့နွဲ့ပြောပြခဲ့သည်။))
ရက်အတန်ကြာ နေလာရာမှ တစ်ဦးကို တစ်ဦး သံယောဇဉ်ပင် အမြစ်တွယ်နေပြီးဖြစ်သည်။တစ်မနက်မှာ
သူနာပြူဆရာမလေးသည် မိမိဝတ္တရာ များကိုလုပ် ဆောင်ရန် ရောက်ရှိလာတော့ ပြတင်းပေါက်
နံဘေးရှိလူမမာ သည် ညကတည်းက သေဆုံးနေပြီးဖြစ်သည်ကို တွေ့ရလေသည်။ထုံစံအတိုင်း ဖုန်းဆက်
ပြောကာ အလောင်းကို အခန်းအတွင်းမှ သယ်ထုတ်ဖို့ စီစီဉ်ရသည်။ကျန်ရစ်ခဲ့ သူ လူမမာ မှာတော. အသည်း
ပွင့် လုမတတ်ပင်။ကြေကွဲနေသည်။အရမ်းပင် ဆို.နင်.နေသည်။
အခွင့်ကြုံတော့ သူနာပြုဆရာမထံမှ တစ်ခုတောင်းဆိုလေသည်။((ကျွန်တော့် ကို ပြတင်းပေါက်နံဘေးက
ခုတင် ကိုပြောင်းခွင့်ပြုပါ ဆရာမ)) ဟုဆိုလေရာ ဆရာမလည်းပြောင်းရွှေ့ပေးလေသည်။ပုံမှန်ညနေခင်း
အချိန်ရောက်တော့ သွားလေသူ သူငယ်ချင်း၏ စိတ်ဝင်စားဖွယ် စကားများကို အလွန်အမင်းအောက်မေ့
လာလေရာ ကြိုးစားပြီး ထထိုင်ရန်ဆုံးဖြတ်လိုက်သည်။အားယူပြီးထသည်။ခေါင်းကိုကြိုးစား ပြီးမော့သည်။
တံတောင်ဆစ်ကို အားပြု၍ ယူရသည်။ပြင်ပလောက ကိုမြင်ရန် ပြတင်းပေါက်ဘက်သို. မျက်နှာကိုတဖြည်း
ဖြည်းချင်း ကြိုးစားပြီး လှည့်ယူရသည်။မယုံနိုင်စရာပါပဲ လုံးဝမယုံကြည်နိုင်ခဲ့ပါ။ပြတင်းပေါက် အပြင်မှ
မြင်တွေ့ရသော မြင်ကွင်းသည် တိတ်ဆိတ်ဆွံ့အ နေသော အုတ်နံရံ ဖြစ်နေလိမ့်မည်ဟု လုံးဝမယုံနိုင်ခဲ့ပါ။
သူနာပြုဆရာမကို လှမ်းခေါ်ကာ ဤပြတင်းပေါက်သည် သွားလေသူ မိတ်ဆွေ ညနေခင်းတိုင်း ကြည့်ခဲ့သော
ပြတင်းပေါက်မှ ဟုတ်ပါရဲ့လားဟု မေးမြန်းလေရာ ဆရာမက ဒီပြတင်းပေါက်ပါပဲ။
တခြား ပြတင်းပေါက်လည်း မရှိပါဘူးဟု ဆိုကာ အကြောင်းအရင်းကိုမေးလေသည်။ထိုအခါ သူလည်း ညနေခင်းတိုင်း သူ့ မိတ်ဆွေ ပြောပြခဲ့သည် များကို ပြန်ပြောင်းပြောပြလေသည်။
သူနာပြုဆရာမသည် အကြီးအကျယ် အံသြသင့်သွားလေတော့သည်။ထို.နောက် အဖြစ်မှန်ကိုရှင်းပြပါတော့သည်။(( တကယ်တော့ ကွယ်လွန်သွားခဲ့တဲ့
ရှင့် မိတ်ဆွေဟား မျက်မမြင် တစ်ယောက်သာလျှင်ဖြစ်သည်။ ဒီတိတ်ဆိတ်ခြောက်သွေ့တဲ့ ၀င်းနံရံအပ တခြားမရှိခဲ့ပါ။ ရှင် စိတ်ဓါတ်ကျပြီး မျှော်လင့်ချက်မဲ့ကာ သေချင်စိတ်ဖြစ်ပေါ်လာမည်ကို စိုးသဖြင့်
ပျော်ရွှင်တက်ကြွလာအောင် သူဖန်တီးပေးခဲ့ခြင်းဖြစ်သည်။))

إذا جعلت الناس سعداء فستتضاعف سعادتك، ولكن إذا وزعت الأسى عليهم فسيزداد حزنك.
အသင်သည် လူအပေါင်းပျော်ရွှင်လေအောင် ဖန်တီးပေးသူဖြစ်သော် အသင်သည်လည်း ပိုမို၍ ပျော်ရွှင်ရလေသူဖြစ်ရမည်သာ။
အသင်သည် မိမိ၏၀မ်းနည်းမှုကို လူတို.နှင်.မျှဝေသူ ဖြစ်သော် အသင်၏ပူးဆွေးသောက သည် လည်း တိုးပွါးနေမည်သာ။



في القرآن الكريم: "وقولوا للناس حسناً "
ကျမ်းတော်မြတ်ကုရ်အာန် ((လူအပေါင်းတို့ အား စိတ်နှလုံးချိုသာစွာဖြင့် နူးညံ့သိမ်မွေ့သော စကားကိုသာ ဆိုပါလေ။))

وعن أبي موسي الأشعري رضي الله عنه قال‏:‏ قال رسول الله صلى الله عليه وسلم ، “ عودوا المريض، وأطعموا الجائع، وفكوا العاني‏"‏ ‏(‏‏(‏رواه البخاري‏)‏‏)‏‏.
မြတ်တမန်တော် ဤသို့ မိန့်ခဲ့သည်။((နာမကျန်းဖြစ်နေသော လောကီသားဟူသမျှ တို့အား နွေးနွေးထွေးထွေးအားပေးစကား
သွားရောက် ကြည်.ရှုပြောကြားကြပါလေ))


powered by Blogger | WordPress by Newwpthemes | Converted by BloggerTheme