မဖြစ်မနေ


ပြင်သစ်နိုင်ငံ မြို.တော် ပဲရစ် တွင်ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်ပင်။ခဒီဂျဟ်အမည်ရှိသော မော်ရိုကို အမျိုးသမီး တစ်ဦးသည် ပဲရစ်မြို့၏ ဆင်ခြေဖုံး ရပ်ကွက်တစ်ခုတွင် နေထိုင်လေသည်။တစ်ရက်တွင် သူမသည်
အလုပ်သို့ ကသုတ်ကရုတ် ထွက်လာလေရာ အိမ်နီးချင်း အိမ်တစ်အိမ်မှ ငြီးငြူသံကိုကြားရသဖြင့်
အသံထွက်ပေါ်ရာသို့ လိုက်ရှာမိလေသည်။ထိုအခါခြေထောက်ကျိုးသွားသဖြင့် ငြီးငြူနေသော အဖွါးအို
တစ်ဦးကိုတွေ့လေသည်။နံဘေးမှဖြတ်သန်းသွားနေသော ဆယ်ယောက်ထက် မနည်းသော ပြင်သစ်လူမျိုး တို့သည် အဖွါးအို ဘက်သို့
တစ်ချက်မျှငဲ့ ကြည့်ကြကာ နာရီကိုကြည့်ပြီး ဆက်လက်ထွက်ခွါကြလေသည်။ခဒီဂျဟ် သည်
အဖွါးအို ကို ဖေးမကာ ဆေးရုံသို့ပို့ဆောင်ပေးပြီး အိမ်သို့ပြန်ခေါ်လာပေးလေသည်။
အဖွါးအို သည်သူမ၏ ဂရုတစိုက်ကူညီပေးမှုအပေါ် ကျေးဇူ့တင်စကားပြောလေသည်။ထိုအခါ
ခဒီဂျဟ်က အစ္စလာမ်တရားတော်ရှိမွတ်စလင်တိုင်း မဖြစ်မနေလိုက်နာရမည့် အိမ်နီးချင်း
ကျင့်ဝတ် များကိုပြောဆို ရှင်းပြလိုက်လေရာ၊အဖွားအိုသည် အစ္စလာမ် ၏ အနှစ်သာရကို
နှလုံးသားထဲ မှ လက်ခံသဘောပေါက်လာပြီး ငြိမ်းချမ်းသော အစ္စလာမ်အေးရိပ်သို့ ကူးပြောင်းလေသည်။
وشكا بعض السلف كثرة الفأر في داره، فقيل له:، لو اقتنيت هرا؟ فقال: أخشى أن يسمع الفأر صوت الهر فيهرب إلى دور الجيران فأكون أنا أحببت لهم ما لا أحب لنفسي
နေအိမ်၌ကြွက်သောင်းကျန်းလွန်းသဖြင့် စိတ်မချမ်းမသာဖြစ်နေသူတစ်ဦးကို လူတစ်ဦးမှ အိမ်တွင်ကြောင်
မွေးရန်အကြံပြုလေသည်။ထိုအခါ ထိုသူက (ကျွန်ုပ်နေအိမ်၌ ကြောင်မွေးလိုက်ပါက ကြွက်တို့သည် ကြောင်၏
အသံကိုကြားပြီး အိမ်နီးချင်းအိမ်သို့ကူးပြောင်းသွားမည်ကို ကျွန်ုပ်စိုးရိမ်မိလေသည်။ကျွန်ုပ်၏ အိမ်နီးချင်းများ ကို စိတ်မချမ်းမသာ ဖြစ်စေမည်ထက် ကျွန်ုပ်ကိုယ်တိုင်ပဲစိတ်မချမ်းမသာ ဖြစ်ရသည်ကို ပိုမြတ်နိုးသည်။)
قال الرسول عليه الصلاة والسلام لأبي ذر رضي الله عنه : " يا أبا ذر إذا طبخت مرقة فأكثر ماءها وتعاهد جيرانك ". (رواه مسلم
မြတ်တမန်ဤသို့မိန့်ခဲ့သည်(အို အဘူဇရ် အသင်သည် အရည်သောက် ဟင်း ပင်ချက်ခဲ့ပါက ရေကိုများများထည့်ပါ။
အိမ်နီးချင်းများကို မျှဝေပါ)
فقال: إن رسول الله لم يزل يوصينا بالجار حتى خشينا أنه سيورثه". رواه أبو داود والترمذي
မြတ်တမန်၏သြ၀ါဒ(ကျွန်ုပ် တို့အပေါ် အိမ်နီးချင်း ၀တ္တရာများကို ကျေပွန်ကြရန် အထပ်ထပ်အခါခါ တမန်တော် မှာတမ်းလေရာ ၊ကျွန်ုပ်တို့၏ ပိုင်ဆိုင်မှု ပါ အိမ်နီးချင်းများကို လွှဲပြောင်းပေးလိုက်ရမည်ကို စိုးရိမ်မိသည် အထိပင်။))
وعن أبي هريرة رضي الله عنه، أن رسول الله قال: "من كان يؤمن بالله واليوم الآخر فلا يؤذِ جاره.." متفق عليه(1).
မြတ်တမန်ဤသို့ မိန့်ခဲ့သည်(အကြင်သူ သည် အမှန်တကယ် အလ္လာဟ်အရှင်မြတ်ကို ယုံကြည်ကိုးကွယ်သူဖြစ်သော်၊
အာခေရသ်နေ့ ကိုလက်ခံယုံကြည်သူဖြစ်သော် မိမိ၏ အိမ်နီးချင်းများကို ဒုက္ခဖြစ်စေအောင် မပြုရပေ။)
ولا يرفع البناء فوق بنائه، فيسد عليه الريح إلا بإذنه

((မွတ်စလင်သည် အိမ်နီးချင်းအခက်အခဲများကို အဖက်ဖက်မှ ကူညီစောင့်ရှောက်ပေးသူပင်ဖြစ်ရမည်။
အိမ်နီးချင်း ခွင့်မပြုပဲ မိမိပိုက်ဆံဖြင့်ပင် မြင့်မားသော အဆောက်အဦးကို ဆောက်ပြီး လေ၀င်လေထွက် မပိတ်မိပါစေနှင့်))


powered by Blogger | WordPress by Newwpthemes | Converted by BloggerTheme