၉၉ပြား


တိုင်းပြည်တစ်ပြည်တွင် ဘုရင်တစ်ပါးရှိလေသည်။သုံးမကုန်နိုင်လောက်အောင် ပစ္စည်းဥစ္စာ ပေါကြွယ်ဝသော်လည်း ဘုရင်ကြီး သည် ရောင့်ရဲတင်းတိမ်မှု မရှိသဖြင့် ပျော်ရွှင်မှုဆိတ်သုန်းလျှက်ရှိလေသည်။ နံနက်ခင်းတစ်ခု တွင် သာယာငြိမ့်ငြောင်းသောတေးဆိုသံ ကိုကြားမိသဖြင့် ဘုရင်ကြီးသည် အိပ်ယာမှနိုးသွားလေသည်ည်။ ထို့နောက် အေးချမ်းကြည်လင်သော တေးသံထွက်ပေါ်ရာ နေရာ ကိုလိုက်ရှာမိလေသည်။ထိုအခါ ပန်းဥယျာဉ်ထဲတွင် အခိုင်းအစေ တစ်ဦး ၏ အပူအပင် ကင်းကင်း အေးချမ်းခြင်း ဖြင့် သီးချင်းလေး ဆိုကာ အလုပ်လုပ်နေသည်ကိုတွေ့ရသဖြင့် လွန်စွာအံ့သြမိလေသည်။ထို့ကြောင့် အခိုင်းအစေ ကို ခေါ်ကာ မေးလေသည်။
(အသင် သည် အခိုင်းအစေ ဖြစ်ပါလျှက် အကြောင့်အကြ မရှိဘဲ စိတ်လက်အေးချမ်းကာ အဘယ်ကြောင့် ပျော်ရွှင်နေရပါသနည်း?)ထိုအခါ အခိုင်းအစေ က (ကျွန်တော်မျိုးရရှိသော လုပ်အားခသည် မိသားစု စားသောက်ရန် လုံလောက်သော ပမာဏပင်ဖြစ်သည်။မိသားစု ဖြင့် တစ်မိုးအောက်တည်း တွင် အေးချမ်းစွာ နေထိုင်စားသောက်ရသည်။
မိသားစု ပျော်ရွှင်သဖြင့် ကျွန်တော်သည်လည်းပျော်ရွှင်ရပေသည်။ဘာပူပင်စရာမျှမရှိပေ။)
ဘုရင်ကြီးသည် အတွက်မူ အထူးအဆန်း သကဲ့သို့ဖြစ်နေလေသည်။အခိုင်းအစေ ဖြစ်ပါလျှက်
လောက်ငှရုံမျှဖြင့် ဘ၀ကိုအေးချမ်း ပျော်ရွှင်စွာဖြတ်သန်းနေသည်ကို ကြားရပြီး အံသြမိလေသည်။
ထို့နောက် ဘုရင်ကြီးသည် အမတ်ကြီးကိုဆင့်ခေါ်ပြီး အခိုင်းအစေ ၏အဖြစ်အပျက်ကို စုံလင်စွာ
ပြောပြပါတော့သည်။ထိုအခါ အမတ်ကြီးလည်း ဂရုတစိုက်ဖြင့် နားထောင်ပြီး ဘုရင်ကြီး ကိုတစ်ခု
အကြံပြုလေသည်။
ညအခါ အိတ်တစ်လုံးတွင် ရွှေးဒင်္ဂါး ၉၉ပြားထည့်ကာ သူဆင်းရဲအခိုင်းအစေ ၏ အိမ်ရှေ့ တွင် ချထားပြီး
တနေရာမှ ချောင်းကြည့်ကြရန်ဖြစ်သည်။ ဘုရင်ကြီးတို့နှစ်ဦးသည် ညအချိန် ရောက်လာသော အခါ ရွှေဒင်္ဂါး၉၉ပြားအိတ် ကို သူဆင်းရဲအခိုင်းအစေ၏ အိမ်ရှေ့၌ သွားချကာ တနေရာမှ ချောင်းကြည့်ကြပါတော့သည်။
သူဆင်းရဲ သည် ရွှေဒင်္ဂါးအိတ်ကိုတွေ့လေသော် ၀မ်းမြောက်ဝမ်းသာဖြင့် မိသားစု ကိုအော်ခေါ်ကာ ကောက်ရသော ရွှေဒင်္ဂါးအိတ်ကိုပြလေသည်။တခဏ ကြာသော် အိမ်တံခါးပိတ်ပြီး မိသားစု အိပ်စက်ကြလေ
သည်။သို့သော် သူဆင်းရဲသည် မအိပ်သေးဘဲ စာပွဲခုံ၌ထိုင်ကာ ရွှေဒင်္ဂါးကို စတင်ရေတွက်ပါတော့သည်။
ထိုအခါ ရွှေဒင်္ဂါး၉၉ပြားကိုသာ တွေ့လေသော် စိတ်မသက်မသာဖြင့် တွေးမိလေသည်။(မဖြစ်နိုင်ဘူး။ရွှေဒင်္ဂါး၁၀၀ဖြစ်ရမယ်။
တနေရာရာ မှာ ရွှေဒင်္ဂါးတစ်ပြားကျနေတာဖြစ်ရမယ်။လိုက်ရှာကြည့်မှဟု တွေးကာ )ခြေကုန်လက်ပန်းကျသည်အထိ လိုက်ရှာပါတော့သည်။အချိန်လင့်ပြီး ရှာမတွေ့သည့်အဆုံး၌ စိတ်ထဲမှာတွေးပြန်သည်။(နက်ဖန်ကစပြီး အလုပ်ကြိုးစားပြီး လုပ်မယ်။ရွှေဒင်္ဂါးတစ်ပြားကို ရအောင်ဝယ်မယ်။ဒါဆိုရင် ငါ့မှာ ရွှေဒင်္ဂါး၁၀၀ဖြစ်သွားတော့မှာ)ဟုစဉ်းစားဆုံးဖြတ်ကာ အိပ်ယာဝင်လေသည်။
သို့သော်နောက်တနေ့တွင် သူဆင်းရဲသည် အိပ်ယာမှနောက်ကျစွာနိုးလေသည်။ တချိန်က အိမ်သူအိမ်သားများကို ချစ်ခင်ယုယစွာဖြင့်နူတ်ဆက်ကာ အလုပ်သွားလေ့ရှိသော သူဆင်းရဲသည် အပြောင်းလည်းကြီးပြောင်းလည်းကာ မိသားစုကို ဆူပူကြိမ်းမောင်းပြီး အလုပ်သို့နောက်ကျစွာ ထွက်လာလေသည်။
သူဆင်းရဲသည် မနေ့ညက အိပ်ရေးမ၀ခဲ့သဖြင့် အလုပ်သို့ရောက်သောအခါ အရင်ကဲ့သို့ လန်းလန်းဆန်းဆန်း ပျော်ပျော်ရွှင်ရွှင် ရှိမနေတော့ပေ။အရင်ကဲ့သို့ ချိုမြန်သာယာသော တေးသီချင်း ကိုလည်းမဆိုဖြစ်တော့ပေ။
သို့သာမက စိတ်ဝေဒနာသည် တစ်ဦးကဲ့သို့ဖြစ်လာကာ အချိန်တိုင်း လျော့နည်းနေသော် ရွှေဒဂါင်္းတစ်ပြားကို
ဘယ်လို လုပ်ပြီး ပြည့်အောင် ဖြည့်ရမလဲ ဟုသာ တွေးနေမိတော့သည်။
ဘုရင်ကြီးသည် ထိုအဖြစ်အပျက်ကို မျက်ဝါးထင်ထင်မြင်ရသောအခါ အံသြမှင်တက်စွာဖြင့် အမတ်ကြီးအားမိန့်လေသည် ။(သူဆင်းရဲသည် ရွှေဒဂါင်္းအိတ် ကောက်ရသော အခါ မိသားစုလိုအပ်ချက်များ ကို ၀ယ်ယူပြီး ပိုမိုပျော်ရွှင်သော ဘ၀၌နေထိုင်သွားရတော့မည်ဟု အကျွန်ုပ် ထင်ခဲ့မိသည်။သို့သော်
ဖြစ်မလာခဲ့ပေ။)ထိုအခါ အမတ်ကြီးက လျှောက်တင်လေသည်။((သူဆင်းရဲသည် အရင်တချိန်က နည်းပေမယ့် ရောင့်ရဲတင်းတိမ်မှု ရှိသဖြင့် မိသားစုနှင့်အတူပျော်ရွှင်ခဲ့ရသည်။ပူပင်ကြောင့်ကြမှု ဟူ၍မရှိခဲ့ပါ။သို့သော် ရွှေဒဂါင်္း၉၉ပြား ရလာသော အခါ ပို၍လိုချင် လောဘဖြစ်လာလေသည်။အရှင်မင်းကြီး
လူသားတို့သည် ရရှိလာသော စည်းစိမ်ဥစ္စာ အပေါ် ရောင့်ရဲမှုမရှိကြပေ။ထပ်ပြီးရအုံးမလား ဟု သာ လိုချင်ရမ္မက်ဖြစ်တတ်ကြသည်။))
لإنسان القانع يحبه الله ويحبه الناس، والقناعة تحقق للإنسان خيرًا عظيمًا في الدنيا والآخرة
(အကြင်သူသည် ရှိသမျှဖြင့် ရောင့်ရဲတတ်သူဖြစ်သော် ဖန်းဆင်းရှင် နှင့်ဖန်းဆင်ခံ တို့၏ချစ်ခင်မှုကြောင့် ၊လောကီ လော
ကုတ္တရာ အောင်မြင်သူဖြစ်ရချေသည်။)
وقد أخبرنا الرسول صلى الله عليه وسلم أنها أفضل الغنى، فقال: (ليس الغِنَى عن كثرة العَرَض، ولكن الغنى غنى النفس
မြတ်တမန် ဤသို့မိန့်ခဲ့သည်((အနှစ်သာရ ရှိသော စစ်မှန်သည့်ချမ်းသာမှုဟူသည် ပစ္စည်းဥစ္စာတို့မှ မဟုတ် ၊စိတ်နှလုံး ချမ်းသား
ခြင်းသည်သာ ချမ်းသားမှု အစစ်အမှန်ဖြစ်ပေသည်))
وقال أحد الحكماء: من أراد أن يعيش حرًّا أيام حياته؛ فلا يسكن قلبَه الطمعُ
ပညာရှိ အဆို ((အကြင်သူသည် အသက်ရှင်သန်ရသည့်အချိန်တခဏအမှန်တကယ် လွတ်လပ်သူဖြစ်လိုသော် စိတ်နှလုံးအတွင်း၌ လောဘစိတ် ကို နေရာမပေးလေနှင့်))

(((ပြီးပြည့်စုံမှုဟူသည် လောဘသားတို့အတွက် လောက၌မရှိပေ။)))

powered by Blogger | WordPress by Newwpthemes | Converted by BloggerTheme