သုခမိန်နှင်ကင်းမြီးကောက်



မြစ်ကမ်းနံဘေးတနေရာ၌ အိုမင်းမစွမ်း သုခမိန် တစ်ယောက် ပတ်ဝန်းကျင်၏ အလှအပ ကိုထိုင်ပြီး ခံစားရင်း ပါစပ်ကလည်း တတွတ်တွတ် ရွတ်နေသည်။ရုတ်တရက် ကင်းမြီးကောက်တစ်ကောင် ရေထဲကျသွားသည်ကို ၀ိုးတ၀ါးလေး လှမ်းမြင်လိုက်သည်။ ထိုကင်းမြီးကောက် ရေထဲ၌ အသက်လုနေသည်ကို မြင်သော် သူသည် ရေထဲမှ ဆယ်တင်ပေး ရန် ဆုံးဖြတ်ပြီး လက်ကိုဆန်.တန်.ကာ လှမ်းကယ်ပါလေတော.သည်။ထိုအခါ
ကင်းမြီးကောက်လည်း ကိုက်ထည်.လိုက်လေရာ ထိုသူ ငယ်သံပါအောင် အော်ပြီး လက်ကိုအမြန်ပြန်ရုတ်လိုက်ရပါတော.သည်။
တခဏကြာသော် ထိုသူသည် ဒုတိယ တစ်ကြိမ် ကင်းမြီးကောက်၏ အသက်ကိုကယ်ရန် လက်ကိုပြန်ဆန်.လိုက် ရာ ကင်းမြီးကောက်လည်း ကိုက်ထည်.လိုက်ပြန်သည်။
ထို.နောက် သူ တတိယ တစ်ကြိမ် အသက်ကယ်ရန် ပြင်ဆင်သော် ၊အနီးအနား၌ ထိုအဖြစ်အပျက် ကို ထိုင်ကြည်.နေသော
လူတစ်ယောက်ရှိလေရာ ထိုသူက (အို သုခမိန် အသင် သည် ပထမ အကြိမ် ဒုတိယ အကြိမ် မှာကတည်း က သင်ခန်းစာ ယူသင်.ပါပြီး ။
ယခု အသင် တတိယ အကြိမ် အသက်ကယ်ရန် ကြိုးစား ပြန်ပြီးလား?) သုခမိန် လည်း ထိုသူ၏ ငေါက်ငမ်းမှု ကို ဂရုမမူဘဲ ကင်းမြီးကောက်
အသက်ကို ရေထဲမှ ရအောင်ဆယ်ယူပြီး ကယ်တင်ပေးလိုက်လေသည်။
ထို.နောက် သုခမိန် သည် ထိုသူရှိရာ သို.လျောက်သွားပြီး ပခုံးကို သပ် ကာ ဆိုလေသည်။( အို ချစ်သား ကင်းမြီးကောက် ၏ ဗီဇ သည် ကိုက်ခဲ ခြင်းပင်ဖြစ်သည်။ ကျွန်ုပ် ၏ ဗီဇသည် ချစ်ခင်မြတ်နိုးခြင်း ၊ဂရုဏာထားခြင်းပင်ဖြစ်သည်။
သို.ဖြစ်လေရာ ကင်းမြီးကောက် ၏ ဗီဇ သည် ကျွန်ုပ်၏ ဗီဇ အပေါ်လွှမ်းမိုး အောင် အသင်မကြိုးစားပါလေနှင်.။)


(( လူအပေါင်းကို ဆက်ဆံရာဝယ် မိမိ၏ ဗီဇဖြစ်သော ဖြောင်.မတ်မှန်ကန်သော ဂရုဏာနှလုံးသားဖြင်.သာ
ဆက်ဆံပါလေ။လူတို.ဆိုးသွမ်း ယုတ်မာမှု ကြောင်.မိမိ နာကျင်ဆုံးရူံးရသည်.တိုင်အောင် ဆိုးသွမ်းသူတို.၏
ဗီဇ မိမိအပေါ်လွှမ်းမိုးပြီး မိမိကိုယ်ကိုမပျက်ဆီးပါစေနှင်.))


قال الله تعالى
{وَلَا تَسْتَوِي الْحَسَنَةُ وَلَا السَّيِّئَةُ ادْفَعْ بِالَّتِي هِيَ أَحْسَنُ فَإِذَا الَّذِي
بَيْنَكَ وَبَيْنَهُ عَدَاوَةٌ كَأَنَّهُ وَلِيٌّ حَمِيمٌ *
ကျမ်းတော်မြတ် ကုရ်အာန်
အလိုသဘောမှာ (35
المسلم الحق مسلم ذو أخلاق حميدة وخصال طيبة صالحة ، وخاصة
إذا تعامل مع الناس بجميع أنواعها من الاقارب و الاصحاب وحتى
الاعداء و الجهلاء ،فالتعامل بين الناس فى الاسلام يحتاج لخلق العفو
و التسامح و هو الخلق الذى ترتاح به القلوب و تزال به الضغائن
و الحقود )မွတ်တ်စလင် ဟူသည် သစ္စာသမာဓိရှိသူ ကိုယ်ကျင်.သီလ ပြည်.စုံသူပင်ဖြစ်သည်။
လူအပေါင်းဖြင်. ဆက်ဆံရာဝယ် ဆွေးမျိုးသားချင်း မှ အစပြု၍ ပညာမဲ.သူ ၊ရန်သူပင် ဖြစ်လင်.ကစား
ခွင်.လွတ်တတ်သော နှလုံးသာ ဖြင်.လှိက်လှဲရိုကျိုးစွာ ပေါင်းသင်းအပ်ရာ၏။
မြတ်တမန် ၏ ရိုကျိုးမှု၊မိမိကိုယ်ကို ထိခိုက်အနာကျင်ခံပြီး ကောင်းသော အကျင်.သီလ ဖြင်.ရန်သူအပေါ်
ကိုပင် ဂရုဏာထား ချစ်ခင်မှုတို.ကြောင်. အစ္စလာမ်နှင်.မြတ်တမန် အပေါ် အသည်းခိုက်မတတ် နားကျည်းမုန်းတီးခဲ.
သော ရန်သူတော်ကြီး အဗူစွဖ်ယာန်း အစပြု၍ အလုံးစုံသော ရန်သူ တို.သည် ၊အဆုံးတွင် အစ္စလာမ်အပေါ်အသက်မက
ချစ်မြတ်နိုးကြသော ၊နှစ်ကိုယ်.တစ်စိတ် ရင်ချင်းအပ်အဆွေခင်ပွန်း အစ္စလာမ်ညီနောင်ဝင် များအဖြစ် ပြောင်းလည်း ကာ နှစ်ဘ၀နှစ်ငှာန ၏အောင်မြင်သူ
များပင် ဖြစ်လာကြပေတော.သည်။

powered by Blogger | WordPress by Newwpthemes | Converted by BloggerTheme