ဖြူစင်စိတ်ထား



တစ်ရက်မှာ မိတ်ဆွေ နှစ်ဦး သဲ ကန္တာရ အတွင်း ခရီးနှင်လာကြ သည်။ထို.နောက်အကြောင်းအရာ
တခု အပေါ်၌ စကားလက်ဆုံကြရင်း အငြင်းအခုံ ဖြစ်ရာမှ မိတ်ဆွေတစ်ဦးက သူ.မိတ်ဆွေအား
လက်သီးဖြင်.ထိုးချလိုက်လေတော.သည်။ထိုအခါ အထိုးခံရသူမိတ်ဆွေ က ပြန်လည် ထိုးနှက်ခြင်း
မပြုသလို ၊စကားလည်း တခွန်းမှ မဆိုဘဲ သဲသောင်ပြင် ၌ ဤသို. စာတစ်ကြောင်းကောက်ရေးလိုက်
လေသည် ။ ယနေ.ငါ ဧ။် အချစ်ဆုံး မိတ်ဆွေသည် ငါ.မျက်နှာ ကို တချက်ထိုးလိုက် သည်။
ထို.၌ နှစ်ယောက်သား ခရီးဆက်လာရင်း ဖြင်. တနေရာ အရောက် အထိုးခံရသူမိတ်ဆွေသည်
သဲနွံ ၌ ခြေ ကျွံ သွားရာ နစ်မြုပ်စပြုလာသည်။ ထိုအခါ သူဧ။် မိတ်ဆွေက သဲနွံမှ ဆွဲယူကယ်တင်
ပေးပါလေတော.သည်။အထိုးခံရသူမိတ်ဆွေသည် သဲနွံမှ လွတ်မြောက် လာသည် နှင်.တပြိုင်နက်
ကျောက် တုံး အပေါ်၌ ဤ သို.စာထွင်း၍ ရေးလေသည်။
ယနေ.ငါဧ။်အချစ်ဆုံး မိတ်ဆွေသည် သဲနွံအတွင်းမှ ငါ.အသက်ကိုကယ်ပေးခဲ.သည်။
ထို.အခါ ထိုးခဲ.သောမိတ်ဆွေ က အထိုးခံရသူမိတ်ဆွေအား ဤ သို.မေးလေသည်။
ကျွန်ုပ် အသင်.မျက်နှာ အားလက်သီးဖြင်.ထိုး ခဲ.စဉ်အခါ က အသင်သည် သဲသောင်ပြင်၌
စာရေး ပြီး ကျွန်ုပ်အသင်.အသက်ကိုကယ်လိုက်သော အခါ ၌ အသင်သည် ကျောက်တုံး အပေါ်၌
စာရေးလေ သည် ။အဘယ်ကြောင်.နည်း ?
သူ.မိတ်ဆွေက အဖြေပေးလေသည်။
အကယ်၍ တစ်ဦးတစ်ယောက် သည် ကျွန်ုပ်တို.အပေါ်၌ ယုတ်ညံ.သောစိတ်ထားဖြင်. မကောင်းပြောဆို ဆက်ဆံ ဒုက္ခ ပေးသော် လည်း ကျွန်ုပ်တို.သည် သဲသောင်ပြင်၌ သာရေးသားသင်.
ပေသည်။အသို.ဆိုသော် သဘောထားကြီးစွာ ဖြင်.ခွင်.လွှတ်နားလည် ပေးခြင်း ဟူသော လေသည်
ထိုစာတန်း အား လွယ်ကူစွာ ချေဖျက် ပစ်လိုက်နိုင်ပေသည်။
အကယ်၍ တစ်ဦးတစ်ယောက်သည် ကျွန်ုပ်တို. အပေါ်၌ ကျေးဇူ.တစ်စုံတစ်ရာ ပြုခဲ.သော်
ကျွန်ုပ်တို.သည် လေ တိုက်၍ အလွယ်တကူ မပျယ် သွားနိုင်သော ကျောက်တုံးအပေါ်၌ ထိုသူဧ။်
ကောင်းမှု အား ရေးသားသင်.ပေသည်။


ကျမ်းတော်မြတ်ကုရ်အာန်၊ ၊وَجَزَاءُ سَيِّئَةٍ سَيِّئَةٌ مِثْلُهَا فَمَنْ عَفَا وَأَصْلَحَ فَأَجْرُهُ عَلَى اللَّهِ إِنَّهُ لَا يُحِبُّ الظَّالِمِينَ}
အလိုသဘောမှာ မိမိအပေါ်၌ မကောင်းပြုမူသူအား ပြန်လည် မကောင်းပြုမူခြင်းသည်
မကောင်းမှုပင်ဖြစ်သည်။အကြင်သူသည် သဘောထားကြီးစွာဖြင်.
ခွင်.လွှတ်သီးခံ ပေးခဲ.သော် ၊ထိုသူ.အဖို.အလ္လာဟ်အရှင်မြတ်ထံတော်
အပါးမှ မြောက်မြားစွားသော အကျိုးဆုလဒ် ကိုရရှိပေမည်။ဧကန်စင်စစ်
အရှင်မြတ်သည် အနိုင်ကျင်.သူတို.အား နှစ်မြို.တော်မမူ ချေ။

မြတ်တမန်တော် ဤ သို.မိန်.ဆိုလေသည်။وأحسن إلى من أساء إليك،.

အသင်.အား မကောင်းပြုမူ သူအား အကောင်းသာပြုပါလော။

powered by Blogger | WordPress by Newwpthemes | Converted by BloggerTheme