ပျုပျုငှာငှာ


အာရပ်မျိုးနွယ်စု မှ လူတစ်ဦးသည် ကုလားအုတ် ကိုစီးနှင်း ၍ ဆွေမျိုးသားချင်း များ ရှိရာ အရပ်သို့ အလည်အပတ် ခရီးထွက်လာခဲ့လေသည်။အလည်အပတ်ခရီးစဉ် အပြီး အိမ်အပြန် လမ်းတွင် အလွန်အမင်း ရေငတ်ပြီး ဆာလောင်မွတ်
သိပ်လာပါတော့သည်။ထို့ကြောင့် လမ်းခုလပ် ရှိ တဲအိမ်တစ်လုံးရှေ့တွင် ရပ်နားကာ အကူအညီ အစာရေဆာ တောင်းခံ
လေသည်။ အိမ်ရှင်မလည်း လှိက်လှဲပျုငှာစွာ ကြိုဆိုပြီး အိမ်ပေါ်တွင်နေရာပေးကာ အစာအသောက်များ ယူလာချပေးသည်။
ထို.နောက် အတွင်းခန်းသို့ ပြန်လည်ဝင်သွားလေသည်။
အစားအသောက်ဖြင့် ကျွေးမွေး ဧည့်ခံပြီးခါစ အချိန်တွင်ပင် သူမ၏ အမျိုးသား အလုပ်မှပြန်လည်ရောက်ရှိလာပါတော့သည်။
ထို့နောက် အချီအချ ပြောဆိုနေသံ ကို ဧည့်သည်မှာ ကြားနေရလေသည်။
ယောက်ျား (( ငါ့အစားအသောက် ဘယ်မှာလဲ?))
မိန်းမ ((ဧည့်သည် လာလို့ဧည့်ခံလိုက်ပါတယ်))
ယောက်ျား((တော်တော် အသုံးမကျတဲ့ မိန်းမ ငါ့အစားအသောက် ကို ဧည့်သည်ကိုကျွေးစရာလား?))
တခဏကြာသော် ဧည့်သည်ကို ဧည့်ခံရလေမလား ဟု မိန်းမကို ပြသနာရှာနေလေတော့သည်။
ဧည့်သည်မှာလည်း ကုလားအုတ်ကို ဆွဲကာ လိုရာ ခရီးကိုထပ်ဆက်ပါတော့သည်။
ခရီအတန်ကြာ သွားမိသော အခါ ခေတ္တ အနားယူရန်နှင့် ရေငတ်ပြေ စေရန် အတွက် တဲအိမ်တစ်လုံး အရှေ့သို့
ရပ်ခါ အကူအညီတောင်းလေသော် အိမ်ရှင်မ က စူပုပ်သော မျက်နှင်ဖြင့် ((ဒို့ အိမ်က ဧည့်သည်ကို
ကျွေးစရာ အစားအသောက် အပို မရှိဘူး ။ဧည့်သည်လည်း လက်မခံဘူး ဟု)) မောင်းထုတ်လေ သည်။
အာရပ်ခရီးသွား လည်း ရှေ့ခရီးဆက်ရန် ပြင်လေသော် အိမ်ရှင် အမျိုးသား အသံကိုကြားရလေသည်။
((မိန်းမရေ ဘယ်သူလာတာလဲ?ဟုမေးလေသည် ။မိန်းမကလည်း ခရီးသွား ဧည့်သည် တစ်ယောက်ပါဟု
ဆိုလေသော် ။ချက်ချင်း အိမ်ပေါ်သို့ခေါ် ကာ ပျုပျုငှာငှာ နေရာပေးလေသည်။
ထို့နောက် အိမ်ရှင် အမျိုးသားက ခရီးသွား ဧည့်သည် ၏ ကုလားအုတ်ကို အဆုံးစီရင်လိုက်ပြီး
ချက်ပြုတ်ရန်အတွက် သူ့မိန်းမကိုပေးလေသည်။ဧည့်သည် မှာလည်း သူ့အစီးအနင်း အဖြစ်ဆိုးကို
မြင်သော် စိတ်ထဲမှာ ပူပင်မိနေတော့သည်။ချက်ပြုတ်ပြီးစီးသော အခါ အိမ်ရှင်အမျိုးသား သည်
ဧည့်သည် ၏ ကုလားအုတ်သားဖြင့် ဧည့်သည်ကို အားရပါးရ ပြန်ဧည့်ခံပေးနေတော့သည်။စားသောက်ပြီးစီး
သောအခါ အိမ်ရှင် အမျိုးသား က တိရစ္ဆာန်အုပ် အိမ်ရှေ့သို.မောင်းနှင်လာရန် သူ၏ သိုးထိန်းကို
အမိန့်ပေးလေသည်။ထို့နောက် ဧည့်သည် ဘက်သို့လှည့်၍ ကျွန်ုပ်သည် အသင်၏အစီးအနင်း
ဖြင့် အသင့်အား ဧည့်ခံမိလိုက်သဖြင့် အသင် သည် ကျွန်ုပ် ပိုင်သော ကုလားအုတ်များ မှ အကောင်းဆုံး ကုလားအုတ်နှစ်ကောင်
ကို အစီးအနင်းဖြင့် ရွေးချယ်ပါ။ကျွန်ုပ် အစားပြန်ပေးခြင်းဖြစ်ပါသည်။အလုံးစုံသော ကိစ္စပြီးစီးသောအခါ ဧည်သည် လည်း ဆက်လက်
ထွက်ခွါရန် ပြင်ဆင်လေသည်။ထို့နောက်မှ ကိစ္စတခုကို ရုတ်တရက် သတိရလာ သဖြင့် အိမ်ရှင်အမျိုးသား အားလှမ်းမေးမိသည်။
ကျွန်ုပ်လမ်းခုလပ် တွင် တဲအိမ်တစ်လုံး၌ ခေတ္တနားခိုခဲ့သည်။ထိုအိမ်ရှိ အိမ်ရှင်မသည် အလွန်အင်မတန် ရက်ရောပြီး သူမ၏ အမျိုးသား
သည် စေးနှဲသူဖြစ်သည်။ယခု အသင့်အိမ်သို့ရောက်သော် အသင်သည် ရက်ရောလွန်းသူ ဖြစ်ပြီး အသင်၏ အမျိုးသမီး မှာမူ စိတ်ပုပ်
စေးနှဲလွန်းနေသည်။ထိုအခါ အိမ်ရှင် အမျိုးသားက ပြောပြလေသည်။
အသင်လမ်းခုလပ်တွင် တွေ့ခဲ့သော အိမ်ရှင် မ သည် ကျွန်တော့်၏ ညီမအရင်း ပင်ဖြစ်သည်။
သူမ၏ယောက်ျားသည် ကျွန်တော့်အမျိုးသမီး၏ အစ်ကိုပင်ဖြစ်ပါသည်။
الكريم يحس نفسه غنيا دائما
အကြင်သူသည် ရက်ရောတတ်သူဖြစ်သော် ထာဝရချမ်းသာခြင်း ဟူသော စိတ်သုခကို ပိုင်ဆိုင်ရသည်။

أقربكم إلى الله أسخاكم
ရက်ရောမူ အရှိဆုံးသော မွတ်စလင်မ်သည် အရှင်မြတ်နှင့် အနီးဆုံးသူပင်။
وعن أبي موسي الأشعري رضي الله عنه قال‏:‏ قال رسول الله صلى الله عليه وسلم ، “ عودوا المريض، وأطعموا الجائع، وفكوا العاني‏"‏ ‏(‏‏(‏رواه البخاري‏)‏‏)‏‏
မြတ်တမန် ဤသို့မိန့်ခဲ့သည်(( ဆာလောင်မွတ်သိပ်နေသူတို့အား ပျုပျုငှာငှာကျွေးမွေးဧည့်ခံကြပါလေ))

စံပြုလောက်သူ



ဆေးရုံတစ်ခုရှိ အခန်းကျဉ်းလေး တစ်ခုတွင် လူနာနှစ်ဦးရှိလေသည်။ထိုသူနှစ်ဦး ၏ ရောဂါဝေဒနာမှာ ကျွမ်းနေပြီး ဖြစ်သဖြင့် လက်လျော့ ရတော့ မည့် အခြေအနေပင် ဖြစ်သည်။ရောဂါသည် နှစ်ဦး အနက်
တစ်ဦး ကိုမူ ဆရာဝန် ခွင့်ပြုချက်ဖြင့် ညနေခင်းအခါရောက်တိုင်း ခုတင်ပေါ်တွင် တစ်နာရီထိုင်ခွင့်ပြုထားလေသည်။
ကျန်တစ်ဦးမှာမူ အချိန်တိုင်း ခုတင်ပေါ်တွင်သာ မလှုပ်မယှက် လှဲလျောင်း၍ သာ။
နေ.တဓူဝ နှစ်ဦး သား မှာ တစ်ဦးကို တစ်ဦးမမြင်ရပဲ ခုတင်ပေါ်တွင်ကျောခင်း ၊မျက်နှာကျက်
ကိုငေးမော ကြည့်ကာ မိသားစု အကြောင်း ၊အိမ် အကြောင်း ဘ၀အကြောင်းများ ကို အချင်းချင်းရင်ဖွင့်၍ သာ
ကုန်ဆုံးနေရသည်။
သို့သော်လည်း ညနေခင်းအခါ ရောက်တိုင်း ဆရာဝန်ညွှန်ကြားချက်ဖြင့် ခုတင်ပေါ်တွင်
တစ်နာရီထိုင်ခွင့်ရသူ လူမမာက ပြတင်းပေါက်မှ ကြည့်ပြီး ပြင်ပလောက ၏ မြင်ကွင်းများကို မိမိ
မိတ်ဆွေ အား ပြောပြပေးသည်။သူ့ မိတ်ဆွေလူမမာ သည်လည်း ဒီအချိန်ကိုပင် နေ့စဉ်စောင့်မျော်နေခြင်းသာတည်း။မိမိကြားရသမျှကို စိတ်ကူးတွင်ပုံဖေါ်ကာ အားတင်း၍ သာ
နေနေရသည်။
ပြတင်းပေါက်ဘေးမှ ထိုင်ကြည်.ကာ အားတက်တရော ပြောနေလေပြီး။ ((သူငယ်ချင်းရေ အပြင်မှာ
အရမ်း သာယာလိုက်တာ ။ပန်းဥယျာဉ်လေး တစ်ခုရှိတယ် ။အဲ.ဒီ ဥယျာဉ်ထဲမှာ ရေကန်လေး တစ်ခုလည်း
ရှိနေတယ်။ ဘဲ၊ငန်း တွေလည်း ရေကန်ထဲမှာ ကူးခပ်နေတာ။ကလေးတွေ အများကြီးပဲ ၊ ရေကန်ထဲမှာ ရွက်လှေ လှလှလေးတွေ လွှတ်ပြီး ဆော့ကစားနေ ကြတာ။ဟိုဘက် နားလေး မှာ လူတွေ ပိုက်ဆံ ပေးပြီး ဘုတ်စီးနေတာ။အမျိုးသမီး တွေ အမျိုးသား တွေကလည်း လက်မောင်းခလေး တွေ ချိတ်ပြီး ကန်ဘောင်
မှာလျောက်နေလိုက်တာ။ဟိုနား လေးမှာတော့ လူတွေသစ်ပင် အရိပ်မှာ အပန်းဖြေနေကြတာ။ပန်းမျိုးကလည်း
စုံလို. သူငယ်ချင်းရေ ၊ စွဲဆောင်မှု ရှိလိုက်တဲ.ပန်းရောင်စုံ တွေပဲ။ကောင်းကင်ကြီး ကလည်း ကြည့်သူတွေရဲ့ ရင်ကိုအေးစေလောက် အောင် လှပနေလိုက်တာ။တစ်ဦးက ချီးမွမ်းခန်း ဖွင်.နေတာ ကို ကျန်တစ်ဦးက
မျက်လုံးခလေး မှိတ်ပြီး ဇိမ်ခံတွေးတော ကာ နားထောင်နေလေတော့သည်။တစ်ရက်မှာ စစ်ရေးပြအခမ်းအနား
ကျင်းပတော့ နားထောင်နေသူ ကိုပင် မြင်နေရသယောင် သူ့သူငယ်ချင်းလူမမာ က ဖွဲ့နွဲ့ပြောပြခဲ့သည်။))
ရက်အတန်ကြာ နေလာရာမှ တစ်ဦးကို တစ်ဦး သံယောဇဉ်ပင် အမြစ်တွယ်နေပြီးဖြစ်သည်။တစ်မနက်မှာ
သူနာပြူဆရာမလေးသည် မိမိဝတ္တရာ များကိုလုပ် ဆောင်ရန် ရောက်ရှိလာတော့ ပြတင်းပေါက်
နံဘေးရှိလူမမာ သည် ညကတည်းက သေဆုံးနေပြီးဖြစ်သည်ကို တွေ့ရလေသည်။ထုံစံအတိုင်း ဖုန်းဆက်
ပြောကာ အလောင်းကို အခန်းအတွင်းမှ သယ်ထုတ်ဖို့ စီစီဉ်ရသည်။ကျန်ရစ်ခဲ့ သူ လူမမာ မှာတော. အသည်း
ပွင့် လုမတတ်ပင်။ကြေကွဲနေသည်။အရမ်းပင် ဆို.နင်.နေသည်။
အခွင့်ကြုံတော့ သူနာပြုဆရာမထံမှ တစ်ခုတောင်းဆိုလေသည်။((ကျွန်တော့် ကို ပြတင်းပေါက်နံဘေးက
ခုတင် ကိုပြောင်းခွင့်ပြုပါ ဆရာမ)) ဟုဆိုလေရာ ဆရာမလည်းပြောင်းရွှေ့ပေးလေသည်။ပုံမှန်ညနေခင်း
အချိန်ရောက်တော့ သွားလေသူ သူငယ်ချင်း၏ စိတ်ဝင်စားဖွယ် စကားများကို အလွန်အမင်းအောက်မေ့
လာလေရာ ကြိုးစားပြီး ထထိုင်ရန်ဆုံးဖြတ်လိုက်သည်။အားယူပြီးထသည်။ခေါင်းကိုကြိုးစား ပြီးမော့သည်။
တံတောင်ဆစ်ကို အားပြု၍ ယူရသည်။ပြင်ပလောက ကိုမြင်ရန် ပြတင်းပေါက်ဘက်သို. မျက်နှာကိုတဖြည်း
ဖြည်းချင်း ကြိုးစားပြီး လှည့်ယူရသည်။မယုံနိုင်စရာပါပဲ လုံးဝမယုံကြည်နိုင်ခဲ့ပါ။ပြတင်းပေါက် အပြင်မှ
မြင်တွေ့ရသော မြင်ကွင်းသည် တိတ်ဆိတ်ဆွံ့အ နေသော အုတ်နံရံ ဖြစ်နေလိမ့်မည်ဟု လုံးဝမယုံနိုင်ခဲ့ပါ။
သူနာပြုဆရာမကို လှမ်းခေါ်ကာ ဤပြတင်းပေါက်သည် သွားလေသူ မိတ်ဆွေ ညနေခင်းတိုင်း ကြည့်ခဲ့သော
ပြတင်းပေါက်မှ ဟုတ်ပါရဲ့လားဟု မေးမြန်းလေရာ ဆရာမက ဒီပြတင်းပေါက်ပါပဲ။
တခြား ပြတင်းပေါက်လည်း မရှိပါဘူးဟု ဆိုကာ အကြောင်းအရင်းကိုမေးလေသည်။ထိုအခါ သူလည်း ညနေခင်းတိုင်း သူ့ မိတ်ဆွေ ပြောပြခဲ့သည် များကို ပြန်ပြောင်းပြောပြလေသည်။
သူနာပြုဆရာမသည် အကြီးအကျယ် အံသြသင့်သွားလေတော့သည်။ထို.နောက် အဖြစ်မှန်ကိုရှင်းပြပါတော့သည်။(( တကယ်တော့ ကွယ်လွန်သွားခဲ့တဲ့
ရှင့် မိတ်ဆွေဟား မျက်မမြင် တစ်ယောက်သာလျှင်ဖြစ်သည်။ ဒီတိတ်ဆိတ်ခြောက်သွေ့တဲ့ ၀င်းနံရံအပ တခြားမရှိခဲ့ပါ။ ရှင် စိတ်ဓါတ်ကျပြီး မျှော်လင့်ချက်မဲ့ကာ သေချင်စိတ်ဖြစ်ပေါ်လာမည်ကို စိုးသဖြင့်
ပျော်ရွှင်တက်ကြွလာအောင် သူဖန်တီးပေးခဲ့ခြင်းဖြစ်သည်။))

إذا جعلت الناس سعداء فستتضاعف سعادتك، ولكن إذا وزعت الأسى عليهم فسيزداد حزنك.
အသင်သည် လူအပေါင်းပျော်ရွှင်လေအောင် ဖန်တီးပေးသူဖြစ်သော် အသင်သည်လည်း ပိုမို၍ ပျော်ရွှင်ရလေသူဖြစ်ရမည်သာ။
အသင်သည် မိမိ၏၀မ်းနည်းမှုကို လူတို.နှင်.မျှဝေသူ ဖြစ်သော် အသင်၏ပူးဆွေးသောက သည် လည်း တိုးပွါးနေမည်သာ။



في القرآن الكريم: "وقولوا للناس حسناً "
ကျမ်းတော်မြတ်ကုရ်အာန် ((လူအပေါင်းတို့ အား စိတ်နှလုံးချိုသာစွာဖြင့် နူးညံ့သိမ်မွေ့သော စကားကိုသာ ဆိုပါလေ။))

وعن أبي موسي الأشعري رضي الله عنه قال‏:‏ قال رسول الله صلى الله عليه وسلم ، “ عودوا المريض، وأطعموا الجائع، وفكوا العاني‏"‏ ‏(‏‏(‏رواه البخاري‏)‏‏)‏‏.
မြတ်တမန်တော် ဤသို့ မိန့်ခဲ့သည်။((နာမကျန်းဖြစ်နေသော လောကီသားဟူသမျှ တို့အား နွေးနွေးထွေးထွေးအားပေးစကား
သွားရောက် ကြည်.ရှုပြောကြားကြပါလေ))


သုခမိန်နှင်ကင်းမြီးကောက်



မြစ်ကမ်းနံဘေးတနေရာ၌ အိုမင်းမစွမ်း သုခမိန် တစ်ယောက် ပတ်ဝန်းကျင်၏ အလှအပ ကိုထိုင်ပြီး ခံစားရင်း ပါစပ်ကလည်း တတွတ်တွတ် ရွတ်နေသည်။ရုတ်တရက် ကင်းမြီးကောက်တစ်ကောင် ရေထဲကျသွားသည်ကို ၀ိုးတ၀ါးလေး လှမ်းမြင်လိုက်သည်။ ထိုကင်းမြီးကောက် ရေထဲ၌ အသက်လုနေသည်ကို မြင်သော် သူသည် ရေထဲမှ ဆယ်တင်ပေး ရန် ဆုံးဖြတ်ပြီး လက်ကိုဆန်.တန်.ကာ လှမ်းကယ်ပါလေတော.သည်။ထိုအခါ
ကင်းမြီးကောက်လည်း ကိုက်ထည်.လိုက်လေရာ ထိုသူ ငယ်သံပါအောင် အော်ပြီး လက်ကိုအမြန်ပြန်ရုတ်လိုက်ရပါတော.သည်။
တခဏကြာသော် ထိုသူသည် ဒုတိယ တစ်ကြိမ် ကင်းမြီးကောက်၏ အသက်ကိုကယ်ရန် လက်ကိုပြန်ဆန်.လိုက် ရာ ကင်းမြီးကောက်လည်း ကိုက်ထည်.လိုက်ပြန်သည်။
ထို.နောက် သူ တတိယ တစ်ကြိမ် အသက်ကယ်ရန် ပြင်ဆင်သော် ၊အနီးအနား၌ ထိုအဖြစ်အပျက် ကို ထိုင်ကြည်.နေသော
လူတစ်ယောက်ရှိလေရာ ထိုသူက (အို သုခမိန် အသင် သည် ပထမ အကြိမ် ဒုတိယ အကြိမ် မှာကတည်း က သင်ခန်းစာ ယူသင်.ပါပြီး ။
ယခု အသင် တတိယ အကြိမ် အသက်ကယ်ရန် ကြိုးစား ပြန်ပြီးလား?) သုခမိန် လည်း ထိုသူ၏ ငေါက်ငမ်းမှု ကို ဂရုမမူဘဲ ကင်းမြီးကောက်
အသက်ကို ရေထဲမှ ရအောင်ဆယ်ယူပြီး ကယ်တင်ပေးလိုက်လေသည်။
ထို.နောက် သုခမိန် သည် ထိုသူရှိရာ သို.လျောက်သွားပြီး ပခုံးကို သပ် ကာ ဆိုလေသည်။( အို ချစ်သား ကင်းမြီးကောက် ၏ ဗီဇ သည် ကိုက်ခဲ ခြင်းပင်ဖြစ်သည်။ ကျွန်ုပ် ၏ ဗီဇသည် ချစ်ခင်မြတ်နိုးခြင်း ၊ဂရုဏာထားခြင်းပင်ဖြစ်သည်။
သို.ဖြစ်လေရာ ကင်းမြီးကောက် ၏ ဗီဇ သည် ကျွန်ုပ်၏ ဗီဇ အပေါ်လွှမ်းမိုး အောင် အသင်မကြိုးစားပါလေနှင်.။)


(( လူအပေါင်းကို ဆက်ဆံရာဝယ် မိမိ၏ ဗီဇဖြစ်သော ဖြောင်.မတ်မှန်ကန်သော ဂရုဏာနှလုံးသားဖြင်.သာ
ဆက်ဆံပါလေ။လူတို.ဆိုးသွမ်း ယုတ်မာမှု ကြောင်.မိမိ နာကျင်ဆုံးရူံးရသည်.တိုင်အောင် ဆိုးသွမ်းသူတို.၏
ဗီဇ မိမိအပေါ်လွှမ်းမိုးပြီး မိမိကိုယ်ကိုမပျက်ဆီးပါစေနှင်.))


قال الله تعالى
{وَلَا تَسْتَوِي الْحَسَنَةُ وَلَا السَّيِّئَةُ ادْفَعْ بِالَّتِي هِيَ أَحْسَنُ فَإِذَا الَّذِي
بَيْنَكَ وَبَيْنَهُ عَدَاوَةٌ كَأَنَّهُ وَلِيٌّ حَمِيمٌ *
ကျမ်းတော်မြတ် ကုရ်အာန်
အလိုသဘောမှာ (35
المسلم الحق مسلم ذو أخلاق حميدة وخصال طيبة صالحة ، وخاصة
إذا تعامل مع الناس بجميع أنواعها من الاقارب و الاصحاب وحتى
الاعداء و الجهلاء ،فالتعامل بين الناس فى الاسلام يحتاج لخلق العفو
و التسامح و هو الخلق الذى ترتاح به القلوب و تزال به الضغائن
و الحقود )မွတ်တ်စလင် ဟူသည် သစ္စာသမာဓိရှိသူ ကိုယ်ကျင်.သီလ ပြည်.စုံသူပင်ဖြစ်သည်။
လူအပေါင်းဖြင်. ဆက်ဆံရာဝယ် ဆွေးမျိုးသားချင်း မှ အစပြု၍ ပညာမဲ.သူ ၊ရန်သူပင် ဖြစ်လင်.ကစား
ခွင်.လွတ်တတ်သော နှလုံးသာ ဖြင်.လှိက်လှဲရိုကျိုးစွာ ပေါင်းသင်းအပ်ရာ၏။
မြတ်တမန် ၏ ရိုကျိုးမှု၊မိမိကိုယ်ကို ထိခိုက်အနာကျင်ခံပြီး ကောင်းသော အကျင်.သီလ ဖြင်.ရန်သူအပေါ်
ကိုပင် ဂရုဏာထား ချစ်ခင်မှုတို.ကြောင်. အစ္စလာမ်နှင်.မြတ်တမန် အပေါ် အသည်းခိုက်မတတ် နားကျည်းမုန်းတီးခဲ.
သော ရန်သူတော်ကြီး အဗူစွဖ်ယာန်း အစပြု၍ အလုံးစုံသော ရန်သူ တို.သည် ၊အဆုံးတွင် အစ္စလာမ်အပေါ်အသက်မက
ချစ်မြတ်နိုးကြသော ၊နှစ်ကိုယ်.တစ်စိတ် ရင်ချင်းအပ်အဆွေခင်ပွန်း အစ္စလာမ်ညီနောင်ဝင် များအဖြစ် ပြောင်းလည်း ကာ နှစ်ဘ၀နှစ်ငှာန ၏အောင်မြင်သူ
များပင် ဖြစ်လာကြပေတော.သည်။

ကျွန်တော်နှင်.ပုရွက်ဆိတ်



တနေ.ကျွန်တော် တောလမ်း တနေရာမှာ ထိုင်ပြီး ဟိုဟို ဒီဒီကြည်.နေမိသည်။အလ္လာဟ်ဖန်ဆင်း ထားသော ဖန်ဆင်းခံ များကိုကြည်.ပြီး ဂရုဏာရှင် ၏ ကြီးကျယ်မှု တွေ ကို စိတ်ထဲ၌ အံသြ ဘနန်းဖြစ်ရသည်။
ရုတ်တရက် အကြည်.တချက်က ပုရွက်ဆိတ်တစ်ကောင် အပေါ်ရောက်သွားသည်။ဘာကိုရှာဖွေနေမှန်းမသိပေမယ်. တခုခု ကိုတော.ကြိုးစားပမ်းစား ရှာဖွေနေသည်ကိုတွေ.ရသဖြင်. စိတ်ပါဝင်စွာ စောင်.ကြည်.နေမိသည်။ထိုသို.ရှာဖွေရင်း
ကျိုင်းကောင် တစ်ကောင်ကို တွေ.ရှိလေသည်။အတိအကျ ဆိုရသော် ကျိုင်းကောင် ၏ခြေထောက်
ဖြစ်သည်။ရိက္ခာကိုရသည် နှင်.တပြိုင်နက် ထိုပုရွက်ဆိတ်သည် မနိုင်တနိုင် လိုရာပန်းတိုင် ပုရွက်ဆိတ်
ကမ္ဘာသို. ကျိုင်းကောင် ကိုဆွဲ ပါလေတော.သည်။
အတန်ကြာကြိုးစား ဆွဲပြီးမှ မနိုင်ဟန်ဖြစ် ချထားခဲ.ပြီး တနေရာသို.ထွက်ခွါသွားလိုက်ရာ တဖြည်းဖြည်း
ကျွန်တော်. မြင်ကွင်းမှ ပျောက်သွားသည်။
တခဏကြာသော် သူမနှင်.အတူပုရွက်ဆိတ် တစ်အုပ် ထွက်ပေါ်လာပါတော.သည်။ထိုအခါမှ သူမသယ်၍
မနိုင်တဖြင်. အကူအညီသွားခေါ်မှန်း သတိပြုမိလေသည်။ရုတ်တရက် ကျွန်တော်လည်း ပျော်စေ ပျက်စေ
သဘောဖြင်. ကျိုင်းကောင် ကို မပြီး တနေရာ ၌ ဖွက်ထားလိုက်လေသည်။
ပုရွက်ဆိတ် အုပ် တို.သည် ကျိုင်းကောင် ရှိခဲ.သည်. နေရာ ၌ သည်းကြီးမည်းကြီး ရှာပါလေတော.သည်။
တွေ.စရာ မျော်လင်.ချက်မဲ့ သွားသော အခါ မှ ထို ပုရွက်ဆိတ်အုပ် သည် ထွက်ခွါသွားပါလေတော.သည်။
တခဏကြာသော် ပုရွက်ဆိတ်မ သည် ကျိုင်းကောင်ကို ပြန်ရှာချင်ဟန် ဖြင်. တစ်ကောင်တည်း ပြန်လည်
ရောက်ရှိလာသည်ကို ကျွန်တော် မြင်တော. ကျိုင်းကောင် ကိုမူလနေရာ ၌ ပြန်ချထားပေးလိုက်သည်။
ထိုအခါပုရွက်ဆိတ်မ လည်း ကျိုင်းကောင် ကို တပတ် ပတ်ကြည်.ပြီး နောက် မနိုင်.တနိုင် ထပ်ဆွဲပြန်ပါသည်။“
သူမ အကြိမ်ကြိမ် ကြိုးစား၍ ဆွဲသည် ။မနိုင်တဲ.အဆုံး မှ သူမထွက်ခွါသွားပါလေတော.သည်။ယခုတကြိမ်
၌ မူ သူမ ဘယ်ကိုသွားမည်ကို ကျွန်တော်သိနှင်.နေပြီးဖြစ်သည်။ထင်သည်.အတိုင်းပင် စောစော က ပုရွက်ဆိတ် အုပ်နှင်.အတူ သူမပြန်လည် ထွက်ပေါ်လာ ပါတော.သည်။သူတို.လာနေကြသည်ကို
မြင်တော. ကျွန်တော် လည်း ရယ်ပြီး ကျိုင်းကောင် ကို မ ယူ ပြီးတနေရာ ၌ ပြန်ဖွက်လိုက်ပြန်သည်။
ယခုတကြိမ်တွင် ပုရွက်ဆိတ် အုပ် သည် စစ်စစ်ပေါက်ပေါက် ဂရုတစိုက်ဖြင်. ၀ိုင်းဝန်းရှာကြပြန်သည်။ပုရွက်ဆိတ်မ သည်လည်း ဘယ်ဘယ် ညာညာ ပြေးပြေးလွှားလွှား ရှာဖွေနေ
သည်ကိုတွေ.ရသည်။သေသေချာချာရှာဖွေပြီးနောက် ပုရွက်ဆိတ်တို.သည် စုရုံးလိုက်ကြသည်။ထို.နောက်
သူတို.ကို လာခေါ်သော ပုရွက်ဆိတ်မ ကို ၀ိုင်းဝန်းတိုက်ခိုက်ပြီး အပိုင်းပိုင်းအထစ်ထစ် လုပ်လိုက်ကြလေသည်။
ကျွန်တော် အကြီးအကျယ်ထိတ်လန်. တုန်လှုပ်သွားသည်။ ယူကြုံးမရလည်း ဖြစ်သွားသည်။သနားစရာ ပုရွက်ဆိတ်မ လေး ကို ကျွန်တော်.အရှေ. မှာတင် ရက်ရက်စက်စက် သတ်လိုက်ကြလေပြီး။ပုရွက်ဆိတ်မ
လေး သည် သူတို.ကိုလိမ် ညာ သည်ဟု သတ်မှတ် ပြီး အပြစ်ပေးလိုက်ကြလေပြီး။ကျွန်တော.ပရောဂပင်ဖြစ်သည်။
စွဗ်ဟားနလ်လားဟ် ပုရွက်ဆိတ် မျိုးနွယ်စု တို.သည် ပင် လိမ်ညာခြင်းကို အပြစ်ဟုသတ်မှတ်ထားကြသည်။
ထို.အတွက် ပြစ်ဒဏ် ကသေဒဏ်ပင်ဖြစ်သည်။

(( لا تكذب ))


عن صفوان بن سليم أنه قال: ((قيل لرسول الله صلى الله عليه وسلم أيكون المؤمن جبانا فقال نعم فقيل له أيكون المؤمن بخيلا فقال نعم فقيل له أيكون المؤمن كذابا فقال لا))
မြတ်တမန် ဤ သို.အမိန်.ရှိသည်။((အလ္လာဟ်အရှင်မြတ်ကို စစ်မှန်သော ယုံကြည်ကိုးကွယ်ကြသူများထဲ တွင် သရဲဘောကြောင်သူ၊ စေးနှဲသူရှိနိုင်သော်လည်း ၊မုသားပြောဆိုသူ သည်စစ်မှန်သော ယုံကြည်ကိုးကွယ်သူမုအ်မင်မဖြစ်နိုင်ပါ။))

ကိုယ်ကျင်.သီလ



လွန်ခဲ့သော နှစ်အနည်းငယ်မတိုင်မီက ဗလီဆရာတစ်ယောက်သည် လန်ဒန်မြို.ရှိ ဗလီတစ်လုံးသို. ရှေ.ဆောင်ဆရာ အဖြစ် ရွှေ.ပြောင်းရောက်ရှိလာလေသည်။ ထိုဗလီဆရာ သည် မိမိအိမ်မှ မြို.သို.
သွားလာရာတွင် ဘတ်စ်ကားကိုသာ အမြဲတစေ စီးလေ.ရှိသည်။
ရှေ.ဆောင်ဆရာအဖြစ် တာဝန်ထမ်းဆောင်ပြီး ရက်အတန်ကြာသော် ၊အကြိမ်ဖန်များစွာ ပုံမှန်စီးနေကျ ဘတ်စ်ကား တစ်စီးနှင်.
ကြုံကြိုက်လေ.ရှိသည်။ထိုဘတ်စ်ကားကို လည်း အမြဲတမ်းမောင်းနှင်ကျ ဒရိုင်ဘာသာ မောင်းနှင်လေ.ရှိသည်။
တစ်ကြိမ်မှာတော. ဗလီဆရာသည် ဒရိုင်ဘာ အား ကားခပေးပြီး ခုံ၌ ၀င်ထိုင်လိုက်လေသည်။ထို.နောက်မှာတော.
((ဟ ကားဆရာ ငွေပြန်အမ်းတာ ငွေအကြွေ ပြားနှစ်ဆယ်တောင် ပိုနေပါလား?ထို.နောက်စိတ်ထဲ၌ တွေးမိလေသည်။
ဒါ ငါ့ ရဲ့ ရပိုင်ခွင့် မှမဟုတ်တာ ။ပြန်ပေးလိုက်တာပဲကောင်းမယ်ထင်တယ်။
ထို.နောက်တဖန် ဤသို.အတွေးဝင်ပြန်သည်။ယူထားလိုက်တာပဲကောင်းတယ်။ပြားနှစ်ဆယ်ဆိုတာ ဘာမှရှိတာမဟုတ်ဘူး။
ဘတ်စ်ကား ကုမ္ပဏီ လည်း ကားခတွေအများကြီး ၀င်နေတာ ပဲ။ ပြားနှစ်ဆယ်လောက်နဲ. သူတို.လည်းဘာမှ မဆုံးရူံးနိုင်ပါဘူးလေ။
အလ္လာဟ်ငါ.ကို လက်ဆောင်ပေးတာပဲ။ငါတိတ်တိတ်ကလေး သိမ်းထားလိုက်တော.မယ် ))ဟုစဉ်းစားထားလိုက်သည်။
မကြာမီ၌ ဗလီဆရာ ဆင်းရမည်. ကားမှတ်တိုင်သို. ဆိုက်ရောက်လာလေသည်။ သို.သော်လည်း ဗလီဆရာသည်
ကားပေါ်မှချက်ချင်းမဆင်းသေးဘဲ ကားအပေါက်ဝ၌ ခေတ္တရပ်တန်.လိုက်သည်။ထို.နောက်(( အခုဏ ငွေပြန်အမ်းတာ
ပြားနှစ်ဆယ်ပိုသွားတယ် ဒါကြောင်.ပြန်ယူလိုက်ပါဟု ဆိုကာ ကားသမားကိုလှမ်းပေးလိုက်သည်။
ကားသမား ကလည်း လှမ်းယူပြီး ၊ ပြုံးလျှက်မေးလေသည်။ ((ဆရာက ဒီဒေသ ကို ပြောင်းလာတဲ. ဗလီဆရာအသစ်မဟုတ်ဘူးလား?
ကျွန်တော်လည်း အစ္စလာမ်အကြောင်းသိချင်လို. ဆရာတို.ဗလီကို သွားမယ်သွားမယ်နဲ. မသွားဖြစ်သေးတာ။ငွေအကြွေ
ကို ပိုပြီးအမ်းလိုက်တာကလည်း ဆရာ ဘယ်လို တုံ.ပြန်မလဲဆိုတာသိချင်လို. တမင်စမ်းလိုက်တာပါ။))
ဗလီဆရာကားပေါ်မှ ဆင်းပြီးသည်နှင်. ခြေမကြွနိုင်လောက်အောင် ချိနှဲ.တုန်လှုပ်ကာ၊ မြေကြီးအပေါ်သို့ လှဲပြိုမတတ်
ဖြစ်ရကား အနီးရှိတိုင်သို. ဆုပ်ကိုင်ထားရလေသည်။
မိုးကောင်းကင်သို. မော.ကာ ငိုယိုပြီး ဒိုအာပြုလေသည်။
(အို အလ္လာဟ် ကျွန်တော်မျိုး သာသနာကို ပြားနှစ်ဆယ်နဲ. ရောင်းချမိတော.မလို့ပါပဲ။)
(( الامانة علامة من علامات الايمان ))
အမာနသ်ဟူသည် အလ္လာဟ်ကိုစစ်မှန်သောယုံကြည်သူများ ၏ယုံကြည်မှု ပြယုဂ် ဖြစ်ပေသည်။
مـا هي الأمانـة؟
الأمانة هي أداء الحقوق، والمحافظة عليها، فالمسلم يعطي كل ذي حق حقه.
အမာနသ်ဟူသည် တပါးသူအပ်နှံထားသော ရပိုင်ခွင်.ကိုပြန်ပေးဆပ်ရမည်. မွတ်စလင်တိုင်းကျင်.၀တ်ဖြစ်ပေသည်။
، يقول النبي صلى الله عليه وسلم))آية المنافق ثلاث: إذا حدَّث كذب، وإذا وعد أخلف، وإذا ائْتُمِنَ خان ((البخاري

မြတ်တမန်တော် မိန်.ဆိုခဲ.သည်။ (( မွတ်စ်လင်အတုအယောင်တို.၏ လက္ခဏာ သုံးမျိုးရှိပေသည်။၎င်းတို.မှာ မုသားပြောဆိုသူ၊ ကတိမတည်သူ၊သူတပါးယုံကြည်စွာအပ်နှံထားသော အရာများကို အလွှဲသုံးစားလုပ်သူ(အတွင်းစကားသော်၊အရာဝတ္တု သော် စသည်ဖြင်.)ပင်ဖြစ်ပေသည်။

قال تعالى{إن الله يأمركم أن تؤدوا الأمانات إلى أهلها}



والله أعلم

အရှက်သိက္ခာ





တခါတုန်းက မျက်စိ တစ်ဖက်လပ်နေသော ဘုရင်တစ်ပါးရှိခဲ့သည်။ တစ်ရက်မှာတော.
ဘုရင်ကြီးသည် သူ၏ ပုံတူကိုဆွဲရန်အတွက် ပန်းချီ ဆရာများကိုဖိတ်ခေါ် လေသည်။ထို.နောက်
၎င်း၏ မျက်စိ တဖက်လပ်နေသော အနာ အဆာကို မဖေါ်ဘဲ လှပခန်.ညားသော ရုပ်ပုံကိုပုံတူဆွဲပေးရ
မည် ဟုဘုရင်က မိန်.လေသတည်း။ထိုအခါ ပန်းချီဆရာအပေါင်းတို. သည် စိတ်ထဲ၌ ဘုရင်ကြီးသည် မျက်လုံးတစ်လုံးတည်း ရှိပါလျှက် မျက်လုံးနှစ်လုံးဖြစ်အောင် အဘယ်သို.ဆွဲပေးရမည်းနည်း? ဘုရင်ကြီး
သည်ခြေနှစ်ဖက်စလုံး ကောင်းနေပါသဖြင်. တစ်ဖက်တည်းသောမျက်လုံးဖြင့် အဘယ်သို.ခန်.ညားအောင်
ဆွဲရမည်းနည်း ဟုငြင်းဆန်ကြလေသည်။
ထိုအခိုက်အတန်.တွင် ပင် ပန်းချီဆရာတစ်ယောက်သည် အံသြဖွယ်ကောင်းလှသော ပြောင်မြောက်လွန်းသော
လက်ရာ ဖြင်.ဘုရင်.ပုံတူကားချပ် ကို ဆွဲလိုက်လေသည်။အသို.နည်း?
ဘုရင်ကြီးသည် အမဲလိုက်သေနတ် ကို မျက်စိတ်တစ်ဖက်မှိတ်၍ ခြေကိုခွင်ကာ ရပ်နေသောပုံတူကားချပ်ပင်ဖြစ်သည်။
ဤသို.ဖြင်.အနာအဆာကင်း ၊ရိုးရှင်းစွာဖြင်. ဘုရင်ကြီး၏ ခန်.ညားသောပုံတူကို ဆွဲပေးနိုင်ခဲ့သည်။
လူသားတို.သည်လောက ၌ အပြစ်မှ မကင်းကြပေ။ ကျွန်ုပ်တို့ သည်လည်း တစ်ဖက်သား၏ အပြစ် အနာဆာကို မဖေါ်ဘဲ ကောင်းသောအမြင် ဖြင်. လောက ကိုအလှဆင်ကြပါစို.။


((((((((((من ستر عيوب الناس ستر الله عيوبه )))))))))))))
အကြင်သူသည် လူတို.၏ အရှက်သိက္ခာကို ကာကွယ်ပေးခဲ.သော် အလ္လာဟ်အရှင်မြတ်သည်
ထိုသူ၏ အရှက်သိက္ခာ ကို ထိန်းသိမ်းပေးတော်မူမည်။
والله أعلم

ဖြူစင်စိတ်ထား



တစ်ရက်မှာ မိတ်ဆွေ နှစ်ဦး သဲ ကန္တာရ အတွင်း ခရီးနှင်လာကြ သည်။ထို.နောက်အကြောင်းအရာ
တခု အပေါ်၌ စကားလက်ဆုံကြရင်း အငြင်းအခုံ ဖြစ်ရာမှ မိတ်ဆွေတစ်ဦးက သူ.မိတ်ဆွေအား
လက်သီးဖြင်.ထိုးချလိုက်လေတော.သည်။ထိုအခါ အထိုးခံရသူမိတ်ဆွေ က ပြန်လည် ထိုးနှက်ခြင်း
မပြုသလို ၊စကားလည်း တခွန်းမှ မဆိုဘဲ သဲသောင်ပြင် ၌ ဤသို. စာတစ်ကြောင်းကောက်ရေးလိုက်
လေသည် ။ ယနေ.ငါ ဧ။် အချစ်ဆုံး မိတ်ဆွေသည် ငါ.မျက်နှာ ကို တချက်ထိုးလိုက် သည်။
ထို.၌ နှစ်ယောက်သား ခရီးဆက်လာရင်း ဖြင်. တနေရာ အရောက် အထိုးခံရသူမိတ်ဆွေသည်
သဲနွံ ၌ ခြေ ကျွံ သွားရာ နစ်မြုပ်စပြုလာသည်။ ထိုအခါ သူဧ။် မိတ်ဆွေက သဲနွံမှ ဆွဲယူကယ်တင်
ပေးပါလေတော.သည်။အထိုးခံရသူမိတ်ဆွေသည် သဲနွံမှ လွတ်မြောက် လာသည် နှင်.တပြိုင်နက်
ကျောက် တုံး အပေါ်၌ ဤ သို.စာထွင်း၍ ရေးလေသည်။
ယနေ.ငါဧ။်အချစ်ဆုံး မိတ်ဆွေသည် သဲနွံအတွင်းမှ ငါ.အသက်ကိုကယ်ပေးခဲ.သည်။
ထို.အခါ ထိုးခဲ.သောမိတ်ဆွေ က အထိုးခံရသူမိတ်ဆွေအား ဤ သို.မေးလေသည်။
ကျွန်ုပ် အသင်.မျက်နှာ အားလက်သီးဖြင်.ထိုး ခဲ.စဉ်အခါ က အသင်သည် သဲသောင်ပြင်၌
စာရေး ပြီး ကျွန်ုပ်အသင်.အသက်ကိုကယ်လိုက်သော အခါ ၌ အသင်သည် ကျောက်တုံး အပေါ်၌
စာရေးလေ သည် ။အဘယ်ကြောင်.နည်း ?
သူ.မိတ်ဆွေက အဖြေပေးလေသည်။
အကယ်၍ တစ်ဦးတစ်ယောက် သည် ကျွန်ုပ်တို.အပေါ်၌ ယုတ်ညံ.သောစိတ်ထားဖြင်. မကောင်းပြောဆို ဆက်ဆံ ဒုက္ခ ပေးသော် လည်း ကျွန်ုပ်တို.သည် သဲသောင်ပြင်၌ သာရေးသားသင်.
ပေသည်။အသို.ဆိုသော် သဘောထားကြီးစွာ ဖြင်.ခွင်.လွှတ်နားလည် ပေးခြင်း ဟူသော လေသည်
ထိုစာတန်း အား လွယ်ကူစွာ ချေဖျက် ပစ်လိုက်နိုင်ပေသည်။
အကယ်၍ တစ်ဦးတစ်ယောက်သည် ကျွန်ုပ်တို. အပေါ်၌ ကျေးဇူ.တစ်စုံတစ်ရာ ပြုခဲ.သော်
ကျွန်ုပ်တို.သည် လေ တိုက်၍ အလွယ်တကူ မပျယ် သွားနိုင်သော ကျောက်တုံးအပေါ်၌ ထိုသူဧ။်
ကောင်းမှု အား ရေးသားသင်.ပေသည်။


ကျမ်းတော်မြတ်ကုရ်အာန်၊ ၊وَجَزَاءُ سَيِّئَةٍ سَيِّئَةٌ مِثْلُهَا فَمَنْ عَفَا وَأَصْلَحَ فَأَجْرُهُ عَلَى اللَّهِ إِنَّهُ لَا يُحِبُّ الظَّالِمِينَ}
အလိုသဘောမှာ မိမိအပေါ်၌ မကောင်းပြုမူသူအား ပြန်လည် မကောင်းပြုမူခြင်းသည်
မကောင်းမှုပင်ဖြစ်သည်။အကြင်သူသည် သဘောထားကြီးစွာဖြင်.
ခွင်.လွှတ်သီးခံ ပေးခဲ.သော် ၊ထိုသူ.အဖို.အလ္လာဟ်အရှင်မြတ်ထံတော်
အပါးမှ မြောက်မြားစွားသော အကျိုးဆုလဒ် ကိုရရှိပေမည်။ဧကန်စင်စစ်
အရှင်မြတ်သည် အနိုင်ကျင်.သူတို.အား နှစ်မြို.တော်မမူ ချေ။

မြတ်တမန်တော် ဤ သို.မိန်.ဆိုလေသည်။وأحسن إلى من أساء إليك،.

အသင်.အား မကောင်းပြုမူ သူအား အကောင်းသာပြုပါလော။

ဖြစ်ရလေ ငါ.ပုလဲ

တခါက ရွာတစ်ရွာမှာ အလွန်ငါးဖမ်းတော်တယ်. တံငါသည်ကြီးရှိသတဲ.။
ထိုတံငါသည် တနေ.မှာ ငါးအရှာထွက်တုန်း သူ.ဇနီးသည်ဟာ သူဖမ်းထား
ခဲ.တယ်.ငါးတွေ ကိုခုတ်ထစ်ရင်းနဲ.အိမ်တွင် ကျန်နေခဲ.တယ်။ငါးတစ်ကောင်
ရဲ.ဗိုက်ကို ခွဲလိုက်တယ်.အခိုက် ထိုငါးဝမ်းဗိုက်ထဲကနေ အဖိုးအနဂ္ဂထိုက်တန်မည်
ထင်ရသောပုလဲတစ်လုံးကိုမြင်ရလေသတဲ.။ထိုအခါ မိန်းမဖြစ်သူက ယောက်ျားရေ
ယောက်ျားရေ ဒို.တတွေတော. ကြီးပွါးပြီးနဲတူတယ်။ငါးဗိုက်အထဲက ပုလဲတစ်လုံး
ထွက်လာတယ် တော် ဟုဝမ်းသာအားရပြောပြလေသတဲ.။
တံငါသည် ယောက်ျားကလည်း တော်လိုက်တဲ. ငါ.မိန်းမ ဘယ်မလဲပုလဲ ငါတို.တော.
ငါးအပြင် တခြားစားချင်တာတွေ စားလို.ရပြီးဟုဆိုလျက် ၀မ်းသာမဆုံးဖြစ်နေကြသတဲ.။
ထို.နောက် မှာတော. တံငါသည်ယောက်ျားက မိန်းမရေ ငါတော.ပုလဲကို အိမ်နားက
ကုန်သည်ကို သွားပြပြီး ဈေးစကားပြောကြည်.မည်ဟုဆိုကာ အိမ်မှထွက်လာသတဲ.။
ကုန်သည်က ပုလဲကိုမြင်တော. အသင်ဧ။်ပုလဲသည်အဖိုး အနဂ္ဂထိုက်တန်လွန်းလှ
သည်။အကျွန်ုပ်ဧ။်ပိုင်ဆိုင်သမျှ ဆိုင် အိမ် ကိုရောင်းရင်တောင်ဝယ်ဖို.ရာမလုံလောက်ဟု
ဆိုကာ အနီးအနားရှိ မြို.မှ ကုန်သည် ဆီသို. သွားရောင်း ရန် လမ်းညွှန်လိုက်လေသတဲ.။
ထိုမြို.မှ ကုန်သည် က ပုလဲကိုမြင်တော. အလ္လာဟ် အလ္လာဟ် အို ငါ.ညီ အသင်ဧ။်ပုလဲ
ကိုတန်ဖိုး သတ်မှတ်ဖို.ရာ အကျွန်ုပ် မစွမ်းသာ။ငါ.ညီ အသင် သည်မြို.တော်သို.သွား၍
အကြီးဆုံးကျောက်မျက်ကုန်သည် သူငှေးဆီ ၌သွားရောင်းချေဟု အကြံပြုသတဲ.။
နောက်ဆုံးမှာတော. တံငါသည် ဟာ ထိုသူငှေးကြီး အပါးသို.ရောက်ရှိကာ ပုလဲကို
ပြလေသတဲ.။သူငှေးကြီး က ပုလဲ မြင်မြင်ချင်း အလ္လာဟ်ဟု အက်ဘရ် ကျွန်ုပ် ရှာနေတာ
ဒီပုလဲ မျိုးပါပဲ။ သို.သော် ကျွန်ုပ် လည်းတန်းဖိုး ကိုသတ်မှတ်ပေးရန် မစွမ်းသာ။ငါ.ညီ
အသင် ဆန္ဒရှိပါက နည်းလမ်းတခုတော.ရှိပါတယ်။ကျွန်ုပ်ဧ။် တသက်တာ စုဆောင်းထား
သော ဘဏ်တိုက်ရှိတယ် ။ထိုဘဏ်တိုက်မှ အသင်လိုချင်သမျှသော ရတနာပစ္စည်းတို.ကို
အသင်ခြောက်နာရီအတွင်း စိတ်ကြိုက်သယ်ယူနိုင်ပါတယ်။ထို.အခါ တံငါသည် ကဤ သို.
ဆိုသတဲ.။ကျွန်ုပ် က တံငါသည် ပါဗျာ ။ခြောက်နာရီ များလွန်းပါတယ်။အချိန်မဖြုန်းချင်ဘူး။
နှစ်နာရီဆိုလုံလောက်ပါတယ် ဟုစောဒကတက်သတဲ.။သို.သော်လည်း သူငှေးမင်းက
ခြောက်နာရီပဲ သတ်မှတ်ပေးလိုက်မယ်။ဒါမှအသင်စိတ်ကြိုက်သယ်ယူဖို.အချိန်လုံလောက်
မှာဟု ဆိုကာ တံငါသည်အား အခန်းကျယ်ကြီးတခုသို. ပို.ဆောင်ပေးလိုက်သတဲ.။အခန်း
ကျယ်ကြီး ၌ အခန်းသုံးခန်းရှိသတဲ.။တံငါသည် က ပထမအခန်းသို. ၀င်လိုက်တဲ.အခါ
တခန်းလုံးအပြည်. တဖိတ်ဖိတ်တောက်ပနေသော အရောင်အသွေးစုံလင် ပြီး အဖို.အနဂ္ဂ
ထိုက်တန်လွန်းလှသော ကျောက်မျက်ရတနာ ပစ္စည်းများကို အံသြမင်သက်စွာ တွေ.မြင်ရ
သတဲ.။ဒုတိယအခန်းသို. ၀င်ကြည်.ပြန်သော် နတ်စည်းစိမ်သမျှ ထင်မှတ်ရလောက်အောင်
အိပ်စက် အနားယူနိုင်သော ပရိဘောအစုံအလင် အခန်းကိုတွေ.မြင်.ရပြန်သတဲ.။ထို.နောက်
တဖန် နောက်ဆုံးတခန်းကိုဝင်ကြည်.သော် နတ်သုဓ္ဒါ ပမာ အရသာရှိမည် ထင်ရသော
စားသောက်ဖွယ်ရာ များကိုမြင်တွေ.ရပြန်တယ်။
ထိုအခါ တံငါသည် ဤသို.စဉ်းစားလေသတဲ.။ငါက တံငါသည် ပဲ။ခြောက်နာရီဆိုတာများလွန်းပါ
တယ်။ငါ အစားအသောက် စားပြီမှ လုပ်ရင်လည်း နောက်မကျနိုင်ပါဘူးလေ။ပိုပြီးတောင် အားပြည်.
သွားနိုင်တာပဲ။ ဒီအကြံမဆိုးပါဘူးဟု သုံးသပ်လျက် အစားအသောက်အခန်းသို.၀င်ကာ အားရပါးရ
သုံးဆောင်လေသတဲ.။စားသောက်ရင်း ဖြင်.နှစ်နာရီခန်.ကြာသော် တံငါသည် က ရတနာပစ္စည်းများ
သယ်ထုတ်တော.မည်ဟု တွေးတောလျက် ပထမဆုံးအခန်းသို.ပြန်လျောက်လာလေသတဲ.။
လမ်းခုလပ်၌ ဒုတိယအခန်းကိုမြင်သော် ဤ သို.အတွေး ပေါ်ပြန်သတဲ.။အင်း ငါစားထားတာ ဗိုက်
ပြည်.နေပြီး။ဒီမှာ ခဏလှဲလျောင်းအနားယူ လိုက်ရင် ငါပိုပြီးအားအင်ပြည်.ဖြိုးလန်းဆန်းလာမှာ။
ဒါဆို ငါ ပစ္စည်းတွေ ဒီထက်ပိုပြီးအများကြီးသယ်နိုင်မှာ။ဒီအခွင်.အရေးမျိုးကို ငတုံးတွေပဲလက်လွှတ်
မှာ၊ ငါ ကတော.ခဏအနားယူ အားမွေးလိုက်မည်ဟု တွေးကာ အိပ်စက်လေအနားယူလေသတဲ.။
အချိန်တွေ တဖြည်းဖြည်း ကုန်ဆုံးပြီး ခြောက်နာရီ ပြည်.သောအခါ သူငှေးမင်းက အခန်းအတွင်းသို.
ဝင်လာသော် တံငါသည် အား အိပ်မောကျလျက်မြင်တွေ.ရသတဲ.။ ထိုအခါ သူငှေးမင်း က ထ ထ
ဟဲ. ငမိုက်သား တံငါယောက်ျား အသင်.အတွက် သတ်မှတ်ချိန်ပြည်.လေပြီး။ ဟ ဘာလဲ ဟု
တံငါသည် ကဆိုတော. သူငှေးမင်းက ဟုတ်တယ် အသင် အပြင်ထွက်တော. ။အသင်.အချိန်ပြည်.
ပြီး။ထိုအခါ တံငါသည် က ငိုယိုလျက် သူငှေးမင်း အား လောက်ငှသောအချိန်ပြန်ပေးရန်တောင်းပန်
ပါတော.တယ်။ထိုအခါ သူငှေးမင်းက အို ငမိုက်သား အသင် သည် ခြောက်နာရီခန်.ဤဘဏ် တိုက်
အတွင်းရှိခွင်.ရခဲ.သည် ။ထိုအချိန်အတွင်း၌ ကျောက်မျက်ရတနာ တို.ကို အသင် သယ်ထုတ်ခဲ.သော်
ပြင်ပ၌ အကောင်းဆုံးအစားစာ အကောင်းဆုံး ပရိဘောဂ တို.ဖြင်.အသင်မကြောင်.မကြနေနိုင်မည်
ဖြစ်သော် လည်း အသင်.အတွက် တခါတည်းရခဲ.သော အခွင်.အရေးကိုအသင်မိုက်လုံးကြီးစွာ ဖြင်.
ဖြုန်းတီး ပစ်လိုက်သည်ဟု ဆိုကာ နှင်ထုတ်ပါလေတော.သည်။
တံငါ သည် က မလုပ် နဲ. မလုပ်ပါနဲ. ထွက်မသွားပါရစေနဲ. အော်ဟစ်ငိုယိုတောင်းပန်လေသော်
သူငှေးမင်း က အသင်နှင်.ကျွန်ုပ်ဇာတ်လမ်းပြီးသွားပါပြီး ။ သို.သော်လည်း
သံဝေဂတရား ကတော. ပြီးဆုံးသွားမည်မဟုတ်ပါ။ အသင်သိပါ သလော
ဤပုလဲ သည် အသင်ဧ။် အချိန် ၊သက်တမ်း ၊၀ိဥာဉ် ဧ။်ဥပမာ
ပင်ဖြစ်သည်။အသင်သိပါသလော အသင် မြင်တွေ.ရသော ဤဘဏ်တိုက်သည်
မတည်မြဲသောလောက ဧ။် ဥပမာ ပင်ဖြစ်သည်။
အသင်သိပါ သလော ဤ ကျောက်မျက်ရတနာ ပစ္စည်းများသည် အသင်
ဧ။် တိုတောင်းသော တခဏတာ သက်တမ်း၌ အလ္လာဟ်အရှင်မြတ်ဧ။်
အမိန်.ကိုနာခံပြီး ကောင်းမူကုသိုလ် ပြုခြင်းဧ။် ဥပမာပင်ဖြစ်သည်။
အသင်သိပါသလော ဤ နတ်စည်းစိမ်းပမာထယ်ဝါသော ဤပရိဘောဂ
အခန်းသည် ထာဝရစံမြန်းရမည်.သုခဘုံကိုမေ.လျော.နေခြင်းဧ။်
ဥပမာ ပင်ဖြစ်သည်။
အသင် သိပါသလော အသင်သုံးဆောင်ခဲ.သော နတ်သုဓ္ဒါအစားစာ
သည် လောကကြီးဧ။် တပ်မက်စိတ်တဏှာရာဂ ဧ။်ဥပမာ ပင်ဖြစ်
သည်။
အို တံငါသည် ယောက်ျား အသင် အိပ်စက်ခြင်းမှ နိုးထပါတော.။


قال تعالى: حتى إذا جاء أحدهم الموت قال رب ارجعون
لعلي أعمل صالحا فيما تركت كلا إنها كلمة هو قائلها ومن ورائهم برزخ إلى يوم يبعثون
[المؤمنون
ကျမ်းတော်မြတ်ကုရ်အာန်၊ ၊(ထို ကိုးကွယ်ရာအရှင်ကို မေ.လျော.ပြီးလမ်းမှားနေကြသူတို.သည်
နောင်တ ရကြမည်.သူများမဟုတ်ပေ)နောက်ဆုံးတွင် ၄င်းတို.အနက်
တစ်ဦးတစ်ယောက်ထံသို. မရဏသေခြင်းတရားသည် ဆိုက်ရောက်လာ
လေသော် ထိုသူသည် (ဤသို.)လျှောက်ထားလေဧ။်။ အို ကျွန်တော်မျိုး
တို.အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ် ကျွန်တော်မျိုး အား
ပြန်လွှတ်တော်မူပါ။
ကျွန်တော်မျိုးသည် မိမိစွန်.ပြစ်ထားခဲ.သော (လောကသို.)ပြန်သွား၍
ကောင်းမြတ်သော အကျင်.သီလ တို.ကို ကျင်.မူဆောက်တည်
အံ.သော်ငှာ၊ အလျှင်းမဖြစ်နိုင်ပြီ။ဧကန်စင်စစ် ဤသည်ကား ထိုသူသည်
(မိမိနှုတ်ဖြင်.သာ)ပြောဆိုနေသော စကားတစ်ခွန်းမျှပင်။ ဧကန်စင်စစ်
၎င်းတို.ဧ။်ရှေ.၀ယ် ၄င်းတို.ရှင်ပြန်ထကြရမည်.နေတိုင်အောင် အကာ
အဆီးတစ်ခု ရှိနေချေပြီတကား။



إِنَّمَا مَثَلُ الْحَيَاةِ الدُّنْيَا كَمَاء أَنزَلْنَاهُ مِنَ السَّمَاء فَاخْتَلَطَ بِهِ نَبَاتُ الأَرْضِ مِمَّا يَأْكُلُ النَّاسُ وَالأَنْعَامُ حَتَّىَ إِذَا أَخَذَتِ الأَرْضُ زُخْرُفَهَا وَازَّيَّنَتْ وَظَنَّ أَهْلُهَا أَنَّهُمْ قَادِرُونَ عَلَيْهَآ أَتَاهَا أَمْرُنَا لَيْلاً أَوْ نَهَارًا فَجَعَلْنَاهَا حَصِيدًا كَأَن لَّمْ تَغْنَ بِالأَمْسِ كَذَلِكَ نُفَصِّلُ الآيَاتِ لِقَوْمٍ يَتَفَكَّرُونَ

ကျမ်းတော်မြတ်ကုရ်အာန်။ ။
လောကီဘ၀ဧ။် ဥပမာသည်ကား အကြင်ရေ ဧ။်ဥပမာကဲ.သို.ဖြစ်ချေသည်။
ငါအရှင်မြတ်သည်ထိုရေကို မိုးကောင်းကင်မှရွာသွန်းစေတော်မူခဲ.သည်။
တဖန်ထိုရေကြောင်.ပထ၀ီမြေမှ လူတို.သည်လည်းကောင်း၊ခြေလေးချောင်း
သတ္တ၀ါတို.သည် လည်းကောင်း စားသုံးနိုင်ကြကုန်သော အပင်ငယ်များ
သည်ရောယှက်၍ ထွက်လာလေသည်။
နောက်ဆုံးတွင် ပထ၀ီမြေသည် မိမိ တန်ဆာပလာ ဖြင်.လှပတင်.တယ်စွာ
တန်ဆာဆင်ယင်ပြီးသည်.နောက် ထိုမြေကိုပိုင်ဆိုင်သူတို.က ၄င်းတို.သည်
ထို(ထွက်ပေါ် ပေါက်ရောက်သမျှတို.)ကို(မိမိတို.စိတ်ရှိတိုင်း)သုံးစွဲနိုင်ကြပြီး
ဟုထင်မြင်ယူဆ လာကြသည်။
ထိုအခါ ငါအရှင်မြတ်ဧ။် အမိန်.တော်သည် ထိုလယ်ယာဥယျာဉ်များသို.
ညဉ်.၌ဖြစ်စေ နေ.၌ဖြစ်စေရောက်ရှိလာသော် ထိုလယ်ယာဥယျာဉ်မြေ
တို.သည် ရိပ်သိမ်းပြီးသကဲ.သို.၊ယမန်နေ.ကလုံးဝမရှိသကဲ.သို.ဖြစ်သွား
ချေသည်။ငါအရှင်မြတ်သည် ထိုကဲ.သို.ပင် သက်သေလက္ခဏာတော်
များကို စဉ်းစား ဆင်ခြင် ချင်.ချိန်သူတို.အကျိုး ငှာအသေးစိတ် ရှင်းလင်း
ဖေါ်ပြတော်မူလေသတည်း။



اقْتَرَبَ لِلنَّاسِ حِسَابُهُمْ وَهُمْ فِي غَفْلَةٍ مُعْرِضُونَ ﴿1﴾ مَا يَأْتِيهِمْ مِنْ ذِكْرٍ مِنْ رَبِّهِمْ مُحْدَثٍ إِلَّا اسْتَمَعُوهُ وَهُمْ يَلْعَبُونَ ﴿2﴾ لَاهِيَةً قُلُوبُهُمْ ۗ

ကျမ်းမြတ်ကုရ်အာန်။ ။လူသားတို.အား စစ်ဆေးရန်အချိန်ကာလ သည် ၄င်းတို.နှင်.နီးကပ်၍လာခဲ.ချေပြီး။အမှန်သော်ကား
၎င်းတို.သည်မျက်နှာလွှဲလျက် ပေါ.ဆမူဍ်ပင် ရှိနေကြသေးဧ။်။ ၄င်းတို.ထံ ၄င်းတို.အားဖန်ဆင်း
မွေးမြူတော်မူသော အရှင်မြတ်ထံတော်မှ အသစ်အသစ်ရောက်လာမည်ဖြစ်သော မည်သည်.
သတိပေးနိုးဆော်ချက်မဆို ရောက်လတ်သော် ၄င်းတို.သည်ပြက်ချော် ပြောင်လှောင်၍သာ
နားထောင်ကြကုန်ဧ။်။ ၄င်းတို.ဧ။်စိတ်နှလုံးမျာသည် ယင်းသတိပေးနိုးဆော်ချက်ကို ဂရုမမူဘဲရှိကြဧ။်။


စစ်ဆေးရန်အချိန်ကားနီးကပ်လာချေပြီး။လူသားတို.သည်ကမ္ဘာပျက်မည်.နေ.ကိုမေ.နေကြသော်လည်း
ကမ္ဘာပျက်မည်.နေ ၊ကိယာမသ်နေ.သည်လူသားတို.အားမမေ.ပါ။

powered by Blogger | WordPress by Newwpthemes | Converted by BloggerTheme